www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 16, 2018

ပန်ဖတ်ကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ တရားမဝင်သစ်များနှင့် မော်တော်ယာဉ်များကို တွေ့ရစဉ်။

နေပြည်တော် ၁၆-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများကို စစ်ဆေးစဉ် ယနေ့မွန်းလွဲ ၁နာရီခွဲခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၂/၃) မိုင်၊ပန်ဖတ်ကျေးရွာအနီး၌ မသင်္ကာဖွယ် ရပ်တန့်ထားသည့် TOYOTA CROWN အမျိုးအစား ယာဉ်အမှတ် SHN 6H/------၊TOYOTA MARK II အမျိုးအစား ယာဉ်အမှတ် MDY 7I/------၊ TOYOTA HIACE အမျိုးအစား ယာဉ်အမှတ် MDY 7G/----နှင့် ယာဉ်အမှတ် MDY 1M/------- မော်တော်ယာဉ်လေးစီးကို စစ်ဆေးရှာဖွေခဲ့ရာ ၎င်းမော်တော်ယာဉ်များပေါ်မှ ပိတောက်
သစ်ဓားရွေတုံး စုစုပေါင်း ၁၁၃တုံး (ခန့်မှန်း၅ ဒသမ ၈၂၇၂တန်)ကို ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များနှင့် မော်တော်ယာဉ်များကို သိန်းနီမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger