www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဘူးသီးတောင် မောင်တော. Show all posts
Showing posts with label ဘူးသီးတောင် မောင်တော. Show all posts

Tuesday, September 25, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်



နေပြည်တော် ၂၅-၉-၂ဝ၁၈

မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်း ကင်းစခန်းမှ ဒုတိယရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGB တပ်ရင်း Gorjonbuniya ကင်းစခန်းမှ Naib Subedar Md. Sultan Ahmad ဦးစီးသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၃ရက် နံနက် ၁၁နာရီ ၁၅မိနစ်မှ မွန်းလွဲ၁၂နာရီ ၄၅မိနစ်ထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄ဝ)မှ (၄၁)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက် ခဲ့ကြသည်။

အလားတူ နံနက် ၁၁နာရီ ၂၅မိနစ်မှ မွန်းတည့် ၁၂နာရီထိ မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ မှတ်တိုင် (၅၁-ခွဲ) ကင်းစခန်းမှ ဒုတိယရဲအုပ် ညွန့်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၁၁) BGB တပ်ရင်း Panchari ကင်းစခန်းမှ Naib Subedar Md.Sultan Ahmad ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ စကားပြန်၊ လမ်းပြတို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၅၁/၅)မှ (၅၂)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, September 11, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်



နေပြည်တော် ၁၁-၉-၂ဝ၁၈

မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (အောင်ဇူ)မှ ဒုတိယရဲမှူးထွန်းထွန်းစိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၁၁) BGB တပ်ရင်း Ashartoli ကင်းစခန်းမှ Naib Subedar Md. Atiar Rahaman ဦးစီးအဖွဲ့ဝင်များသည် စက်တင်ဘာ ၉ ရက်နံနက် ၁ဝ နာရီ ၅၅မိနစ်မှ ၁၁နာရီ ၄၅ မိနစ်ထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၅မှ ၄၆ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Thursday, August 16, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်


မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်စဉ်။

နေပြည်တော် ၁၆-၈-၂ဝ၁၈

မောင်တောမြို့နယ် နယ်မြေ (၂) အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်းကင်းစခန်းမှ ဒုတိယရဲမှူးအောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၅ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၃၄) BGB တပ် Gorijonbuniya ကင်းစခန်းမှ ဒုတိယစခန်းမှူး Naib Subedar Md. Sultan Ahmad ဦးစီး ၁၅ ဦးတို့သည် သြဂုတ် ၁၄ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝမှ မွန်းတည့် ၁၂နာရီထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် ၄ဝ မှ ၄၁ ထိ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက် ခဲ့ကြသည်။

အလားတူ သြဂုတ် ၁၄ ရက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်က မောင်တောမြို့ နယ်မြေ (၅) အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ဒုတိယရဲမှူးထွန်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင် ရှစ်ဦးသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်နှစ်စီးဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၂) နယ်ခြားစောင့်တပ်မှ Naib Subedar Sha Alome ဦးစီး ၁၁ဦးသည် စက်တပ်ရေယာဉ် နှစ်စီးဖြင့်လည်းကောင်း၊ စံပါယ်ပင်ရင်းချောင်းဝထိပ် နတ်မြစ်အလယ်နှစ်နိုင်ငံ နယ်နိမိတ်အနီးဆုံရပ် ရေမိုင် ၁၁၌ တွေ့ဆုံ၍ နတ်မြစ်ကြောင်းအတိုင်း ညှိနှိုင်းကင်းလှည့်ခဲ့ရာ နံနက် ၁၁နာရီတွင် ပြူးမချောင်း ချောင်းဝအနီး ရေမိုင် ၁၄နှင့် ၁၅ ကြားသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, July 26, 2018

မောင်တောာဒေသ၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ ကွင်းဆင်းသတင်းရယူ



မောင်တော ၂၆-၇-၂ဝ၁၈

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပါအဝင် သိရှိလိုသည်များကို မြေပြင်ကွင်းဆင်း သတင်းရယူရန် ပြည်တွင်းပြည်ပသတင်းမီဒီယာများပါဝင်သည့် သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၌ ထွက်ခွာလာရာ ရေချမ်းပြင် ဆိပ်ကမ်းမှတစ်ဆင့် ကိုင်းကြီး (မြို)ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာပြောင်းရွှေ့နေထိုင်မှု၊ ကျေးရွာသစ်တွင် နိုင်ငံတော်အထောက်အပံ့ဖြင့် နေအိမ်များဆောက် လုပ်ပေးထားမှု၊ ပညာရေး၊ ကျန်းမာရေးဆောင် ရွက်ပေးထားမှုတို့နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့က လက်ရှိ နယ်မြေလုံခြုံမှု အခြေအနေ၊ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ရောက်ရှိလာပါက သဟဇာတမျှတစွာ နေထိုင်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းသတင်းရယူကြသည်။

ယင်းနောက် မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး သို့ရောက်ရှိကြပြီး သတင်းမီဒီယာ အဖွဲ့က မိုးရာသီကာလ စပါးစိုက်ပျိုးထားမှု၊ နယ်မြေလုံခြုံ အေးချမ်းမှု၊ နှစ်ဖက်အသိုက်အဝန်း များနေထိုင်နေမှုတို့နှင့် စပ်လျဉ်း၍ မေးမြန်း သတင်းရယူကြသည်။

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက စခန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာအဖွဲ့က ငါးခူရပြန်လည်လက်ခံရေးစခန်းမှ လက်ခံထား သူများအား ကူညီစောင့်ရှောက်ပေးနေမှု၊ စခန်းသို့ရောက်ရှိလာသူများအား NVC ကတ်ထုတ်ပေးခြင်း၊ ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များ စသည်တို့နှင့်ပတ်သက်၍ မေးမြန်းသတင်း ရယူခဲ့ကြသည်။

#Themyawadydaily

Monday, July 16, 2018

မောင်တောမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး


ဒုတိယဝန်ကြီးများ ဦးဆောင်သောအဖွဲ့ လှဖိုးခေါင်ကြားစခန်းရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းသည့် များ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို Modular House ကြည့်ရှုစစ်ဆေးစဉ်။

မောင်တော ၁၆-၇-၂ဝ၁၈

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင်တို့ ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရန် ယနေ့နံနက်ပိုင်းက မောင်တောမြို့သို့ ရောက်ရှိသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းတောင်သို့ သွားရောက်ပြီး အိမ်ရာများ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အိမ်ရာများ အမြန်ဆောက်လုပ် ပြီးစီးနိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် မောင်တောမြို့နယ်အတွင်း ဂျပန်နိုင်ငံက လှူဒါန်းသည့် နေအိမ်အလုံး ၆ဝဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် မောင်တောမြို့နယ်ရှိ လောင်းဒုံ-ငါးခူရလမ်းပိုင်း ပြင်ဆင်နေမှု အခြေအနေကိုစစ်ဆေးပြီး ငါးခူရ ပြန်လည်လက်ခံရေး စခန်းသို့ သွားရောက်ကာ စခန်းတွင်တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ
နှင့်တွေ့ဆုံ၍လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှ လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ကာ နေအိမ်များတည်ဆောက်မှု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းသည့် သြိကူမေံသကျန များ ဆောက်လုပ်ပြီးစီးမှု
နှင့် စခန်းအတွင်း ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေ
ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မောင်တောမြို့နယ် လှဖိုးခေါင်-ရွှေဇားလမ်းပိုင်း အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မောင်တောမြို့ပေါ်ရှိ မြို့မကျောင်းတိုက်သို့ သွားရောက်ကာ တောင်ပြိုလက်ဝဲ နံ့သာတောင် ပရဟိတကျောင်းတွင်စာပေသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများကို ဆန်အိတ်၁၂ဝ၊ ပဲပိဿာ၆ဝဝ၊ ဆီပိဿာ၁၅ဝ၊ ဆားပိဿာ၃ဝ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, June 13, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများ ဆောင်ရွက်


မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း မြေပြင်လှည့်ကင်းများ ဆောင်ရွက်ကြစဉ်။

နေပြည်တော် ၁၃-၆-၂ဝ၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် နယ်စပ်ခြံစည်း ရိုးလမ်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မေ ၂၇ ရက်တွင် နယ်ခြားမှတ်တိုင် ၄၁မှ ၄၂ထိ၊ ဇွန် ၁ဝရက်တွင် နယ်ခြားမှတ်တိုင် ၄၂မှ ၄၃ နှင့် နယ်ခြားမှတ်တိုင် ၃၁မှ ၃၄ထိ၊ ဇွန် ၁၁ ရက်တွင် နယ်ခြားမှတ်တိုင် ၄၃မှ ၄၄ထိမြေပြင်လှည့်ကင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ၁၄ကြိမ်၊ မတ်လတွင် ခုနစ်ကြိမ်၊ မေလတွင် ၁၆ကြိမ်၊ ဇွန်လတွင်သုံးကြိမ် စုစုပေါင်း အကြိမ် ၄ဝနှင့် ရေကြောင်းကင်းလှည့် ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း လေးကြိမ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, May 25, 2018

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အုပ်စုက အကြမ်းဖက် တိုက်ခိုက်မှုများ၊ လူမဆန်စွာ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း Amnesty International အဖွဲ့၏ဖော်ထုတ် ချက်များကို ကြိုဆို


၂ဝ၁၇ ခုနှစ်သြဂုတ်လ ၂၆ရက်တွင်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခြင်းခံရသော မောင်တောမြို့နယ် အမှတ်(၄)ရပ်ကွက်နေ ဟိန္ဒူမိသားစုများမှ ကလေးငယ်များ။

၂ဝ၁၇ခုနှစ် သြဂုတ်လ ၃ရက်တွင် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရသော အသက် ၂၅နှစ်ရှိ မြိုတိုင်းရင်းသူ ဒေါ်ထီးကော။

၂ဝ၁၇ခုနှစ် သြဂုတ်လ ၂၈ရက်တွင် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသော ရန်ကာစေတီကျေးရွာမှ ဒိုင်းနက်လူမျိုးများ၏ အလောင်းများ။

ဘင်္ဂါလီ အကြမ်းဖက်သမားများက နတ်ချောင်းရဲကင်းစခန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်။

မင်းကြီးကျေးရွာရှိ ရဲကင်းစခန်းငယ်ကို သာလွန်အင်အားဖြင့် အကြမ်းဖက်တိုက်ခိုက်ရန် ဘင်္ဂါလီအကြမ်းဖက်သမား အယောက် ၅ဝဝ စုဝေးစဉ်။

နေပြည်တော် ၂၅-၅-၂ဝ၁၈

၂၀၁၈ခုနှစ်၊ မေ ၂၃ ရက်တွင် Amnesty International အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ ''Attacks by the Arakan Rohingya Salvation Army(ARSA) on Hindus in Northern Rakhine State'' တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် အုပ်စုက ၂၀၁၇ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးကင်းစခန်း ၃၀ ခန့်အား အချိန်ယူကြိုတင် ပြင်ဆင်စီမံ၍ တစ်ပြိုင်နက်အကြမ်းဖက်စီးနင်း တိုက်ခိုက် ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်တိုက်ခိုက်မှုများမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖွဲ့၏ ရခိုင်ဒေသဆိုင်ရာ အဆုံးသတ်အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး နာရီပိုင်း အကြာတွင်ပင် ဖြစ်ပေါ်ခဲ့ကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့်အတူ ၎င်းတို့စည်းရုံးထား သော ဘင်္ဂါလီကျေးရွာသားအများအပြားလည်း အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ကြောင်း၊ မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ယင်းအကြမ်းဖက်တိုက်ခိုက်မှုများကို တုန့်ပြန်ခဲ့ရာမှ ဥပဒေမဲ့လူသတ်မှု၊ မုဒိမ်းမှု၊ လိင်မှုဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရှိ ရကြောင်း၊ ယင်းဖြစ်ရပ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ ၆၉၃၀၀၀ ခန့်ထွက်ပြေးလျက်ရှိ ကြောင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့သည် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလကလည်း အလားတူ နယ်စပ်ရဲကင်းစခန်းများအား အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သဖြင့် မြန်မာစစ်ဘက်ကလည်း ပြင်းပြင်း ထန်ထန်လက်တုန့်ပြန်ခဲ့ရာ၌ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များဖြစ်ခဲ့ကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့သည် ၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်း၍ လူထောင်ပေါင်းများစွာ အင်အားစုစည်းကာ လက်နက် ငယ်များ၊ လက်လုပ်ဗုံးများကိုင်ဆောင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊သြဂုတ်တွင် ၂၀၁၆ ခုနှစ်ကထက် ပို၍ များပြားသော ဘင်္ဂါလီကျေးရွာများမှ လူအင်အားထောင်ပေါင်းများစွာကို စုစည်း၍ ဓား၊ လှံ ၊လက်နက်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်စေခဲ့ကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့်အတူ ဘင်္ဂါလီ ကျေးရွာသားများပါဝင်တိုက်ခိုက်ခဲ့ကြောင်းကို Amnesty International အဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း၊ Amnesty International အဖွဲ့အနေဖြင့် ၂၀၁၇ခုနှစ်၊ စက်တင်ဘာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မြန်မာ နိုင်ငံမှ ရောက်ရှိလာသော ဟိန္ဒူအသိုက်အ၀န်းအားလည်းကောင်း၊ ၂၀၁၈ခုနှစ်၊ ဧပြီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဟိန္ဒူဘာသာဝင်ဘင်္ဂါလီများ၊ ရခိုင်၊ ခမီ၊ မြို၊ သက် စသည့်တိုင်းရင်းသားများနှင့်လည်းကောင်း တွေ့ဆုံမေးမြန်း ခဲ့ကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ ကျူးလွန်မှုအပြည့်အစုံကို ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ သွားရောက်ခွင့်မရရှိသေးသဖြင့် ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း အစချီ၍ ဖော်ထုတ် တွေ့ရှိချက်များကို အစီရင်ခံစာအတွင်း အသေးစိတ်ဖော်ပြထားသည်။

Amnesty International အဖွဲ့၏ တွေ့ရှိချက်များအရ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူအမျိုးသား၊ အမျိုးသမီး၊ ကလေး ၆၉ ဦးကို ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ခေါ်ဆောင်သွားသည့်ရွာသားအများစုကို သုတ်သင်သတ်ဖြတ်ပြီး ကျန်ရွာ သားများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ခမောင်းဆိပ်ကျေးရွာမှ အသတ်ခံ ရသူ အရေအတွက် ၅၃ ဦးရှိပြီး အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး၊ အသက် ၈ နှစ်အောက်ကလေး ၁၄ ဦးအပါအ၀င် ကလေး ၂၃ ဦးရှိပြီး ထွက်ပြေးလွတ်မြောက်သူ အမျိုးသမီး ၈ ဦးနှင့်ကလေး ၈ ဦးသာရှိခြင်း စသည့်အချက်များကို လည်းကောင်း၊ ထိုနေ့တွင်ပင် ရဲဘောက်ကျကျေးရွာအနီးရှိ ဟိန္ဒူရွာမှ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီး၊ ကလေး ၄၆ ဦးကိုလည်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အထိ သတင်းမရဘဲ ပျောက်ဆုံးနေသည့်အချက်များကို လည်းကောင်း ဖော်ထုတ်တွေ့ရှိသည်ဟုဆိုသည်။

ထို့အပြင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားသော ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူအမျိုးသမီး ၈ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိချိန်၌ ရွာသားများရက်စက်စွာ သတ်ဖြတ်ခံရပြီး ရခိုင် တိုင်းရင်းသားများက သတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းမှားကို အတင်းအကြပ်ပြောဆိုခိုင်းကာ ဗီဒီယိုမှတ်တမ်း ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်းနှင့် အလားတူအခြားသတင်းမှားများကို ထုတ်လွှင့်ခဲ့ကြောင်းကိုလည်း Amnesty International အဖွဲ့က ဖော်ပြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၆ ရက်ကလည်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ သည် မောင်တော မြို့အနီး မြို့သူကြီးကျေးရွာ၌ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေး ၃ ဦးတို့ကို ဥပဒေမဲ့ ရက်စက် စွာသတ်ဖြတ်ခဲ့ကြောင်း Amnesty International အဖွဲ့၏ အစီရင်ခံစာ၌ အသေးစိတ်ဖော်ပြထားသည်။

Amnesty International အဖွဲ့၏ အစီရင်ခံစာထုတ်ပြန်မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များ၏ လုပ်ဆောင်ချက်အကြောင်းအရာများအား အထောက် အထားခိုင်လုံစွာရယူပြီး သတင်းအမှန်အတိုင်းဖော်ပြခဲ့ခြင်းအပေါ် Amnesty International အဖွဲ့၏ သမာသမတ် Impartiality ဖြစ်၍ တပ်မတော်အနေဖြင့် ကြိုဆိုပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း ၂၀၁၂ ခုနှစ်၊ မေ ၂၈ ရက်ဖြစ်စဉ်၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် ဖြစ်စဉ်နှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်ဖြစ်စဉ်များအပေါ် တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲများဖြင့် ရှင်းလင်းခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာများမှ သတင်းမှန်ထုတ်ပြန်ခြင်းများအား အချိန်နှင့်တစ်ပြေးညီ အကြိမ်ကြိမ်ထုတ်ပြန်ပေးခဲ့သော်လည်း အနောက်အုပ်စုနိုင်ငံတကာသတင်းဌာနကြီးများ နှင့် အစိုးရအဖွဲ့များက လက်ခံအသိအမှတ်မပြုဘဲ တစ်ဖက်သတ်စွပ်စွဲချက်များဖြင့်သာ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အပေါ် ဖိအားပေးပြောဆိုဆက်ဆံခဲ့သည်။

Amnesty International အဖွဲ့၏ ဖော်ပြပါဖြစ်စဉ်များအပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဖြစ်စဉ်ကြီး ၃ ကြိမ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုနှင့် ARSA အဖွဲ့ဝင်မဟုတ်သော်လည်း အရေးအခင်းကာလအတွင်း အခွင့်အရေးအရ ပုဂ္ဂလိကတစ်ဦးချင်းနှင့် အစုအဖွဲ့ အလိုက် အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းကြောင့်သေဆုံးခဲ့ရသည့် မြို၊ ခမီများအသတ်ခံရမှု၊ ဘင်္ဂါလီအချင်းချင်း လူသတ်၊ ဓားပြတိုက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများနှင့် မိမိအိမ်မိမိမီးရှို့ခြင်းများကိုလည်း ဖော်ပြထားခဲ့ပြီးဖြစ်သည်။ အဆိုပါ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ပဋိပက္ခအပေါ် အစပျိုးခဲ့သူဘင်္ဂါလီများမှ ကျန်တိုင်း ရင်းသားများနှင့် လူမျိုးတူဘင်္ဂါလီများ အပေါ်သတ်ဖြတ်ခဲ့မှုတို့အပေါ်၌လည်း အမှန်တရားဘက်မှ ဆက်လက် ရပ်တည်ဖော်ထုတ် ပေးနိုင်ရန်လည်း တိုက်တွန်းလိုပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ ဖြစ်စဉ်များ၌ ခန့်မှန်းအင်အား ၆၀၀၀ မှ ၁၀၀၀၀ ကြားရှိ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ စည်းရုံးမှုအောက် ဘင်္ဂါလီအကြမ်းဖက်သမားများမှ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများ၊ လက်နက်ကြီးများစွဲကိုင်၍ အင်အားသုံး တိုက်ခိုက်လာသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လုံခြုံရေးနှင့် အသက်အိုးအိမ် စည်းစိမ်အား ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိမိကိုယ်မိမိ ကာကွယ်ရန်အလို့ငှာ အနည်းဆုံး အင်အားဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement-ROE) နှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်စေခဲ့ပြီး ပုဂ္ဂလိကဆန်စွာပြစ်မှုကျူးလွန်ခဲ့သည့် အရာရှိ၊ စစ်သည်များအား ဖော်ထုတ် အရေးယူ ခဲ့သည်။ အရေးယူဆောင်ရွက်မှုများကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်က တပ်မတော်၏ ရပ်တည်ချက်သဘောထားကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းစွာ ပြောကြားခဲ့ပြီးနောက် ဖြစ်စဉ်မှန်ဖော်ပြထားသည့် အထောက်အထားဓာတ်ပုံမှတ်တမ်းများကိုလည်း ပေးအပ် ခဲ့ပြီးဖြစ်ပါသည်။ ၎င်းအပြင် အဆိုပါအဖွဲ့သို့ တပ်မတော်သားများအပါအ၀င် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်ခဲ့သည်ဟုခိုင်လုံသည့်သက်သေ အထောက်အထားများရှိပါက ပေးပို့ရန်နှင့် တပ်မတော်အနေဖြင့် စစ်ဆေး ၍ မှန်ကန်ပါက အရေးယူသွားမည် ဖြစ်ကြောင်းလည်း ပြောကြားပြီးဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ပြစ်မှုကျူးလွန်မှုများကို ထိရောက်စွာ အရေးယူမှုများပြုလုပ်ခြင်းမှာ တပ်မတော်၏ တာဝန်ယူမှု (Accountability) နှင့် တာဝန်ခံမှု (Responsibility) ကို ဖော်ပြခြင်းလည်းဖြစ်ပါသည်။ ထို့အတူ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် အရေးအခင်းကြီးများတွင်ပါဝင်ပြစ်မှု ကျူးလွန်ခဲ့သည့် ဘင်္ဂါလီ တို့၏ ဘူးသီးတောင်- မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်အမှန်တို့အား နိုင်ငံပိုင်မီဒီယာများ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့အပါအ၀င် တပ်မတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ တွေ့ဆုံခြင်းတို့၌လည်း အထောက်အထား ခိုင်လုံစွာဖြင့် ရှင်းလင်းပြောဆိုခြင်း၊ အထောက်အထားများပေးအပ်ခြင်းတို့ ပြုလုပ်လျက်ရှိ ရာ ၎င်းအကြောင်းအရာနှင့် ဖြစ်စဉ်မှန်များအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာသတင်းမီဒီ ယာများမှ အမှန်တရားအတိုင်း ဆက်လက်၍ Amnesty International အဖွဲ့ကဲ့သို့ ရဲရဲဝံ့ဝံ့ဖော်ထုတ်ပေး နိုင်ပါရန် တိုက်တွန်းပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#Themyawadydaily

Thursday, May 24, 2018

ပြည်ပသတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့ စစ်တွေမြို့မှ ပြန်လည်ထွက်ခွာ


ပြည်ပသတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများကို တွေ့ဆုံသတင်းရယူစဉ်။

စစ်တွေ ၂၄-၅-၂ဝ၁၈

မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်ပသတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲက မော်တော်ယာဉ်များဖြင့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းသို့ရောက်ရှိပြီး သတင်းရယူကြသည်။

သတင်းအဖွဲ့ကို လက်ခံရေးစခန်း အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းဆိုင်ရာ အချက်အလက်များနှင့် ပြန်လည်လက်ခံရေး ဆိုင်ရာအကြောင်းအရာ များကိုရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားသို့ ရောက်ရှိကြပြီး နှစ်နိုင်ငံနယ်စပ် အခြေအနေများကို ကြည့်ရှုလေ့လာ ကြသည်။

ထို့နောက် ချစ်ကြည်ရေး တံတားအနီး လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို လေ့လာကြပြီး NVC ကတ်ထုတ်ပေးခြင်းနှင့် ထုတ်ယူနိုင်ခြင်း ဆိုင်ရာအကြောင်းအရာများ၊ Biometric ရယူခြင်းဆိုင်ရာ အကြောင်းအရာများ၊ NVC ကတ်ထုတ်ယူ ရရှိနိုင်ရေး လုပ်ငန်းစဉ် များနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းအတွင်း လှည့်လည်သတင်း ရယူကြသည်။

ဆက်လက်၍ သတင်းအဖွဲ့သည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းသို့ ရောက်ရှိပြီး နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများကို တွေ့ဆုံ သတင်းရယူကြသည်။

ညနေပိုင်းတွင် သတင်းအဖွဲ့သည် စစ်တွေမြို့သို့ ရောက်ရှိကြပြီး လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

ARSA ၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ရပ်မှန်ကို ကမ္ဘာ့မီဒီယာများ ရေးသားဖော်ပြကြ ဖြစ်ရပ်မှန်များကို ကမ္ဘာ့မီဒီယာတို့ သိရှိလာကြပြီ






နေပြည်တော် ၂၄-၅-၂ဝ၁၈

ရခိုင်ပြည်နယ်တွင် ARSA အစွန်းရောက် အကြမ်းဖက်အုပ်စုက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း အထောက်အထား အသစ်အရသိရသည် ဟူသည့် ခေါင်းစဉ်ဖြင့် Amnesty International အဖွဲ့က မေ ၂၂ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ဖြစ်ရပ်မှန်သတင်းအပေါ် နိုင်ငံတကာ မီဒီယာများက ထပ်ဆင့်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ကြသည်။

VOA သတင်းဌာနက မေ ၂၃ ရက်နံနက် ၆ နာရီ သတင်းအစီအစဉ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင် အမြောက်အမြားအား ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့သည် ဆိုသည့် အထောက်အထား တွေ့ရှိရကြောင်း Amnesty International အဖွဲ့ပြောကြား ခေါင်းစဉ်ဖြင့် ခမောင်းဆိပ် ကျေးရွာအနီးတွင် ဟိန္ဒူအမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ် စုစုပေါင်း ၉၉ဦးခန့်အထိ သတ်ဖြတ်ခဲ့သလို ဖမ်းဆီးခေါ်ဆောင်မှု များလည်း လုပ်ခဲ့သည်ဟု ထုတ်လွှင့်ဖော်ပြခဲ့သည်။

အလားတူ ဘီဘီစီသတင်း ဌာနကလည်း ရခိုင်တွေ့ရှိချက်သစ် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ထုတ်ပြန်ခေါင်းစဉ်ဖြင့် Amnesty International အဖွဲ့၏ ယခုတစ်ခေါက် အစီရင်ခံစာထဲတွင် ရခိုင်ပြည်နယ်ရှိ ဟိန္ဒူအသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အာဆာအဖွဲ့က ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက်သတ်ဖြတ် ခဲ့မှုများကြောင်း ဖော်ပြထားကြောင်း၊ ယခုအစီရင် ခံစာထုတ်ပြန်နိုင်ရန် ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့သည့် မြန်မာ့အရေး အထူးပြုသုတေသန ပြုလုပ်သူ Amnesty International အဖွဲ့မှ လော်ရာဟေ့ဂ်ဆိုသူ အမျိုးသမီးကို BBC က မေးမြန်းရာ ၎င်းက မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာတွင် ဟိန္ဒူ ၉၉ဦးအထိ အသတ်ခံခဲ့ရပြီး မောင်တောအပြင်ဘက်သီးခြားဖြစ်ရပ် တစ်ခုတွင်လည်း အသတ်ခံခဲ့ရသည့် ဟိန္ဒူ ခြောက်ဦးရှိသည် ဆိုသည့် အထောက်အထား သက်သေများကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ကျူးလွန်သူများသည် ARSA အစွန်းရောက် အကြမ်းဖက်သမားများဟု ကောက်ချက်ချ နိုင်ကြောင်း ဖြေကြားခဲ့သည်ဟူသည့် သတင်းကို ထုတ်လွှင့်ခဲ့သည်။

ထို့ပြင် အဆိုပါဖြစ်ရပ်မှန် သတင်းနှင့် ပတ်သက်၍ Aljazeera,CNN, AFP, CNA, FOX News Channel, Sky News,The Straits Times, The Guardian, Daily Mail, The Daily Star, The Independent, The Wall Street Journal, The Washington Post, The Times of India, TIME, Bangkok Post စသည့် ကမ္ဘာ့သတင်းမီဒီယာ များကလည်း ထုတ်လွှင့်ဖော်ပြ ထားသည်ကို တွေ့ရသည်။

ယင်းဖြစ်ရပ်သည် ၂ဝ၁၇ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများကို စက်တင်ဘာလအတွင်းက တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများ၏ ပြောကြားချက်အရ ARSA အစွန်းရောက် အကြမ်းဖက်သမား ၃ဝဝ ခန့်က ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသား၊အမျိုးသမီး ၁ဝဝခန့်အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးရွာ၏ အနောက်ဘက်မီတာ ၁ဝဝဝ ခန့်အကွာတွင် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ ၎င်းတို့ရှစ်ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာ၌ တူးဖော်ရှာဖွေခဲ့ရာ စက်တင်ဘာ ၂၄ရက်တွင် ရုပ်အလောင်း ၂၈  လောင်း၊စက်တင်ဘာ ၂၅ရက်တွင် ရုပ်အလောင်း ၁၇လောင်း၊ စုစုပေါင်း ၄၅လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၄၈ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း၊ ထို့ပြင်မောင်တောမြို့နယ် အိုးထိန်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ဦး ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ၂ဝ၁၇ခုနှစ် စက်တင်ဘာ ၂၇ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင်သတင်း မီဒီယာများကလည်း ထုတ်လွှင့်ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တွေ့ရှိရာ နေရာသို့ ၂ဝ၁၇ ခုနှစ်စက်တင်ဘာ ၂၇ ရက်ကပြည်တွင်း ပြည်ပသတင်းမီဒီယာများ သွားရောက်သတင်းယူ ခဲ့ရာတွင် TBS, Asahi Shun Bum, EPA, AFP, VOA, CNA, BBC, Xinhua, TV Asahi, Nippon, Frontier Myanmar, Reuter သတင်းဌာနတို့မှ သတင်းထောက်များ လိုက်ပါခဲ့ကြသည်။

ထိုအချိန်က ကမ္ဘာ့သတင်းမီဒီယာ အများစုက ယင်းသတင်းဖြစ်ရပ် မှန်များကို ထုတ်လွှင့်ဖော်ပြရန် ပျက်ကွက်ခဲ့ ကြသော်လည်း ယခုအခါသတင်း ဖြစ်ရပ်မှန်ကို အလေးအနက်ထားပြီး ပြန်လည်ထုတ်လွှင့် ဖော်ပြလာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, May 23, 2018

ပြည်ပသတင်းမီဒီယာများ ပါဝင်သည့် သတင်းအဖွဲ့ မောင်တောဒေသ၌ သတင်းရယူ


ပြည်ပသတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီယာအဖွဲ့ လှဖိုးခေါင်ပြန်လည်လက်ခံရေး စခန်း
အတွင်းသတင်းရယူစဉ်။

ပြည်ပသတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီယာအဖွဲ့ မောင်တောမြို့ ကညင်တန်းဈေးအတွင်း 
သတင်းရယူစဉ်။

မောင်တော ၂၃-၅-၂ဝ၁၈

ပြည်ပသတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီယာ အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ အမြန်ရေယာဉ်ဖြင့် ရသေ့တောင်မြို့နယ် အငူမော် ဆိပ်ကမ်းသို့ ရောက်ရှိကြသည်။သတင်းမီဒီယာ အဖွဲ့သည် မော်တော်ယာဉ်များဖြင့် အင်းဒင်ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။ထို့နောက် သတင်းအဖွဲ့သည် မောင်တောမြို့နယ် ကိုင်းကြီး (မြို) ရွာသို့ ရောက်ရှိပြီး ကျေးရွာတာဝန်ခံ ဦးစံထွန်းနှင့် တွေ့ဆုံကာ ကိုင်းကြီးကျေးရွာ အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ ကိုင်းကြီး(မြို) ကျေးရွာသစ် တည်ဆောက်ပြီးစီးမှု၊ စားနပ်ရိက္ခာ အခြေအနေတို့ကို တွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။

ယင်းနောက် သတင်းအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တွေ့ဆုံသည်။ထိုသို့တွေ့ဆုံစဉ် ခရိုင်အုပ်ချုပ်ရေးမှူးက မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များ၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေး ဆိုင်ရာများ၊ ၂ဝ၁၆ခုနှစ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနှင့် အကြမ်းဖက် သတ်ဖြတ်ခံရမှုများ၊ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ ၂ဝ၁၇ခုနှစ် သြဂုတ်လအတွင်း အကြမ်းဖက်မှုများ၊ အဆိုပါ အကြမ်းဖက် အဖွဲ့များကို တရားဥပဒေနှင့် အညီ တန်ပြန် ဆောင်ရွက်ခဲ့မှုများ၊ ဒေသတွင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး ဆောင်ရွက်ထားရှိမှုများ၊ မောင်တောဒေသမှ နေရပ်စွန့်ခွာ သူများကို ပြန်လည်လက်ခံ ရေးနှင့်ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားရာ သတင်းအဖွဲ့က သိရှိလိုသည်များ မေးမြန်းကြသည်။

ယင်းနောက် သတင်းအဖွဲ့သည် မော်တော်ယာဉ်များဖြင့် လှဖိုးခေါင်ကြား စခန်းသို့ရောက် ရှိကြသည်။
လှဖိုးခေါင် ကျားစခန်းတွင် စီမံကိန်းတာဝန်ခံ ဦးတင်စိုးက စခန်းတည်ဆောက် ထားရှိမှု၊ မောင်တောဒေသမှ နေရပ်စွန့်ခွာ သူများကို စခန်းအတွင်းပြန်လည် လက်ခံနိုင်ရန် အသင့်ပြင်ဆင် ဆောက်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ ရှင်းလင်းပြောကြားရာ သတင်းအဖွဲ့က သိရှိလိုသည် များမေးမြန်း
ကြပြီး စခန်းအတွင်း လှည့်လည်သတင်းရယူ ကြသည်။

ဆက်လက်၍ သတင်းအဖွဲ့သည် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာ သို့ရောက်ရှိပြီး ပန်းတောပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအန်နိုဝါနှင့်တွေ့ဆုံ၍ ပန်းတောပြင် ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ၊ နေရပ်စွန့်ခွာသူများ၏ အခြေအနေ၊ ကျေးရွာသစ် တည်ဆောက်ထားရှိမှု၊ NV Card ဆိုင်ရာများ၊ အကြမ်းဖက် ဖြစ်စဉ်အတွင်း ပန်းတောပြင်ကျေးရွာ မီးလောင်ကျွမ်းမှုနှင့် ပန်းတောပြင်ကျေးရွာ၏ လူမှုစီးပွား အခြေအနေများကို မေးမြန်းသတင်း ရယူကြသည်။

ထို့နောက် သတင်းအဖွဲ့သည် မောင်တောမြို့ ကညင်တန်းဈေးသို့ ရောက်ရှိကြပြီး နှစ်ဖက်အသိုက် အဝန်းများအကြား အတူတကွ နေထိုင်သွားလာလှုပ်ရှားမှု အခြေအနေများကို တွေ့ဆုံမေးမြန်း သတင်းရယူခဲ့
ကြကြောင်းသတင်းရရှိသည်။

#Themyawadydaily

Tuesday, May 8, 2018

ပြည်တွင်းသတင်း ဌာနများမှ သတင်းမီဒီယာသမားများ မောင်တောဒေသ၌ လွတ်လပ်စွာ သတင်းရယူ


ပြည်တွင်းသတင်းဌာနများမှ သတင်းမီဒီယာ သမားများ မောင်တောဒေသ၌ သတင်းရယူစဉ်။

စစ်တွေ ၈-၅-၂ဝ၁၈

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များ အပါအဝင် အခြားကိစ္စရပ်များကို မြေပြင်ကွင်းဆင်း သတင်းရယူရန် MRTV၊MITV၊ DVB၊ Mizzima၊ ချွန်းသတင်းဌာနနှင့် ရွှေဇာမဏီ သတင်းဌာနတို့မှ သတင်းမီဒီယာ သမားများသည် ယနေ့နံနက် ၈ နာရီ ၁ဝ မိနစ်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် သတင်းမီဒီယာ သမားများသည် မောင်တောမြို့နယ် ကိုင်းကြီး (မြို) ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံမြိုတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ လူမှုဘဝအခြေအနေ၊ အလုပ်အကိုင်ရရှိမှု၊ ကျေးရွာရှိ လူဦးရေ၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်၊ ဒေသခံများ၏ လိုအပ်ချက်များကို မေးမြန်းသတင်းရယူ ကြသည်။

ကိုင်းကြီး (မြို) ကျေးရွာသစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နေအိမ် ၅၆ လုံး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က နေအိမ် ၆၄လုံး တည်ဆောက်လှူဒါန်း ထားကြောင်း သိရသည်။ ဆက်လက်၍ မောင်တောမြို့ပေါ်ရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်သည့် ယာယီစခန်းသို့ သွားရောက်ပြီး ပညာသင်ကြားနေရမှု၊ လိုအပ်ချက်၊ စခန်းတွင်းလူဦးရေ၊ စားဝတ်နေရေး အခြေအနေ၊ အလုပ်အကိုင်ရရှိမှုတို့ကို မေးမြန်းပြီး စခန်းအတွင်း လိုက်လံသတင်းရယူ ကြသည်။

ယင်းနောက် သတင်းမီဒီယာ သမားများသည် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိပြီး စခန်းတည်ဆောက်ရေး တာဝန်ခံနှင့် တွေ့ဆုံကာ စခန်းတည်ဆောက်မှု အခြေအနေ၊ ခေတ္တနေထိုင်နိုင်မည့် လူဦးရေအပါအဝင် သိလိုသည်များကိုမေးမြန်းပြီး စခန်းအတွင်း အဆောက်အအုံများ တည်ဆောက်ပြီးစီးမှုကို လှည့်လည်သတင်းရယူကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, May 2, 2018

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံများမှ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့မောင်တောဒေသ အခြေအနေများအား လိုက်လံကြည့်ရှု



မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံမလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းအား လိုက်လံကြည့်ရှုစဉ်။

စစ်တွေ ၂-၅-၂ဝ၁၈

နေပြည်တော်တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင် ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် နှင့် ကိုယ်စား လှယ်များ ပါဝင်သော အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်း သက်တို့ ဦးဆောင်ပြီး မောင်တောဒေသ အခြေအနေများအား ကြည့်ရှုရန် ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာ အမျိုးသား လေကြောင်းဖြင့် စစ်တွေမြို့သို့ရောက်ရှိကြသည်။

အဆိုပါအဖွဲ့အား လေဆိပ်အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်း သက်တို့က ခရီးစဉ်အတွင်း သွားရောက်မည့်နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ရခိုင် ပြည်နယ် အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာ ချ ထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ဖြစ်ပေါ်လာပုံ၊ (UEHRD) ၏ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်း စဉ်များ၊ ရေရှည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပဋိပက္ခဖြစ်ပွားပြီးနောက် ဖွံ့ဖြိုးမှု နှင့်တည်ငြိမ် အေးချမ်းမှုရရှိ အောင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်ပုံမှန် အခြေအနေသာမက ရေရှည် တည်ငြိမ်ဖွံ့ဖြိုး တိုးတက်အောင်ဆောင် ရွက်နေကြောင်း၊ ပဋိပက္ခဖြေရှင်းရာတွင် သမိုင်းကြောင်းရှည်လျားသည့်အတွက် သိမ်မွေ့နက်နဲသည့် အခြေအနေ ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် ပြန်လည် လက်ခံရေးအတွက် ဆောင်ရွက် နေပါကြောင်း၊ နှစ်နိုင် ငံ သဘော တူညီချက်များ အတိုင်း လက်ခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် ပြည်ထောင်စု ဝန်ကြီး၊ ဝန်ကြီး ချုပ်တို့ဦးဆောင်ကာ စစ်တွေမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တော မြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ မောင်တောခရိုင် အုပ်ချုပ် ရေးမှူး ဦးရဲထွဋ်က ပြန်လည်လက်ခံရေး စခန်းများ တည်ဆောက်ထားရှိမှုနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် တောင်ပြိုလက်ဝဲပြန်လည် လက်ခံရေး စခန်းအား လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေးတံတားအားလည်းကောင်း၊ ပြန်လည် ဝင်ရောက်လာသူများအား NVC ကတ်ထုတ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့် အစီ အစဉ် များကို လည်းကောင်း လိုက်လံကြည့်ရှုကြသည်။ ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် လှဖိုးခေါင်ကြား စခန်းသို့ ရောက်ရှိကြပြီး ပြန်လည် ဝင်ရောက်လာသူများ ခေတ္တနေထိုင်ရန် အဆောက်အဦများ တည်ဆောက်ပြီးစီးမှုအား မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြသည်။ ထို့နောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် မောင်တောမြို့နယ် ရွှေဇား ကျေးရွာသို့ ရောက်ရှိပြီး ရခိုင်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံကာ သိလိုသည်များကို မေးမြန်းကြ သည်။

တွေ့ဆုံစဉ် မေးမြန်းစဉ် ရခိုင်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များက ၎င်းတို့ အနေဖြင့် ရှေးယခင်ကပင် အတူတကွ နေထိုင်ခဲ့ကြကြောင်း၊ ပြသနာတစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ သဟဇာတမျှတစွာ နေထိုင်ခဲ့ကြကြောင်း၊ နောင်တွင် လည်း အတူတကွ နေထိုင်သွားကြမည်ဖြစ်ကြောင်း ပြောကြားကြသည်။ ယင်းနောက် အမြဲတမ်း ကိုယ်စားလှယ်များ နှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး ပဋိပက္ခဖြစ်ပွားစဉ် သေဆုံးခဲ့ ရသူများ၏ မှတ်တမ်းဓာတ်ပုံများ အားကြည့်ရှုကြပြီး ပဋိပက္ခ ဖြစ်ပွားချိန်တွင် သေဆုံးသွားကြသူများ၏ မိသားစုဝင်များအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်မိသားစုဝင်များက ၎င်းတို့အတွက် နေအိမ်အခက်အခဲနှင့် အလုပ်အကိုင် လိုအပ်ချက်များကို ပြောကြား ကြပြီး ဟိန္ဒူ ဘာသာဝင်များကလည်း ၎င်းတို့အား အကြမ်းဖက်သမားများက သတ်ဖြတ်မည်ဟု ပြောကြား ထားသည့်အတွက် ၎င်းတို့မှာ ကြောက်လန့်နေကြရကြောင်း၊ သတ်ဖြတ်မှုများကိုတွေ့ မြင်ခဲ့ရသည့် အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရကြောင်း၊ ၎င်းတို့မှာ စားသောက်နေထိုင်ရေးနှင့် အလုပ်အကိုင် အခက်အခဲ ရှိကြောင်း ပြောကြားကြသည်။ ထို့နောက် မောင်တောမြို့နယ် ပန်းတောပြင် ကျေးရွာသို့ ရောက်ရှိပြီး အစ္စလာမ် ဘာသာဝင် မိသားစုများနှင့် တွေ့ဆုံကြပြီး ကျေးရွာ သားများက အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကြုံတွေ့ခဲ့ရမှုများနှင့် လိုအပ်ချက်များကို လွတ်လပ်စွာ ပြောဆိုကြသည်။

ယင်းနောက် အမြဲတမ်း ကိုယ်စားလှယ် များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ ကြရာ စစ်တွေမြို့သို့ရောက်ရှိကြပြီး လေဆိပ်ဧည့်ခန်းမ၌ လူမှုရေးအသင်း၊ အဖွဲ့အစည်း များနှင့် လွတ်လပ်စွာသီးခြားတွေ့ဆုံကြသည်။ ထို့နောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် ညနေပိုင်းတွင် စစ်တွေမြို့မှ မြန်မာ အမျိုးသား လေကြောင်းဖြင့် နေပြည်တော်သို့ပြန်လည် ထွက်ခွာသွားကြသည်။

#Themyawadydaily

Thursday, April 26, 2018

ပြည်တွင်း၊ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီးသို့ သွားရောက်သတင်းရယူ



စစ်တွေ ၂၆-၄-၂ဝ၁၈

မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း သတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာ သမားများသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီး နေထိုင်နေကြသည့် နေရပ်စွန့်ခွာ သွားကြသူများကို တွေ့ဆုံပြီး မေးမြန်းသတင်း ရယူကြသည်။

သတင်းမီဒီယာအဖွဲ့သည် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိကြပြီး နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီး နေထိုင်နေကြသူများ ကိုတွေ့ဆုံ၍ တစ်ဖက်နိုင်ငံ၌ နေထိုင်နေစဉ်အတွင်း နေထိုင်စားသောက်ရမှု အခြေအနေ၊ လက်ရှိရောက်ရှိ နေထိုင်နေသည့် လူဦးရေ၊ လက်ရှိအခြေအနေထိ နေရပ်သို့ပြန်မလာ ရသည့်အကြောင်းရင်း၊ ဖြစ်ပေါ်နေသည့် အခက်အခဲနှင့် လိုအပ်ချက်၊ NVC ကတ်အပေါ် ၎င်းတို့၏ သဘောထားအမြင် အပါအဝင် အခြားသိရှိ လိုကြသည်များကို မေးမြန်းသတင်းရယူ ကြသည်။

ထို့နောက် သတင်းမီဒီယာ အဖွဲ့များသည် နှစ်နိုင်ငံချစ်ကြည်ရေး တံတားသို့ သွားရောက် လေ့လာသတင်း ရယူကြသည်။ ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး မြန်မာ
အမျိုးသား လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားကြကြောင်း သတင်းရရှိသည်။

ပြည်တွင်း၊ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးတွင် သတင်းရယူစဉ်။

#Themyawadydaily 

Wednesday, April 25, 2018

ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ ငါးခူရ ပြန်လည်လက်ခံရေး စခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့တွင် သတင်းရယူ



မောင်တော ၂၅-၄-၂ဝ၁၈

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပါအဝင် သိရှိလိုသည်များ မြေပြင်ကွင်းဆင်း သတင်းရယူသည်။ သတင်းမီဒီယာ သမားများသည် ယနေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသရှိ ငါးခူရပြန်လည်လက်ခံ ရေးစခန်းနှင့် လှဖိုးခေါင် ကြားစခန်းတို့တွင် သတင်းရယူကြပြီး တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် မိသားစုဝင် ငါးဦးတို့ကိုတွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။

သတင်းမီဒီယာ အဖွဲ့သည် နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သို့ရောက်ရှိရာ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ခရီးစဉ်အတွင်း သတင်းရယူနိုင်ရေး စီစဉ်ထားရှိမှု၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇ခုနှစ်အတွင်း အကြမ်းဖက် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့် လတ်တလော ဆောင်ရွက်နေသည့် UEHRD လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြသည်။

ထို့နောက် ငါးခူရပြန်လည် လက်ခံရေး စခန်းသို့ရောက်ရှိရာ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များနှင့် ပြန်လည်ဝင်ရောက် လာသူများကို NVC ကတ်ထုတ်ပေးရေး လုပ်ငန်း အစီအစဉ်များကို တာဝန်ရှိသူများက ရှင်းလင်း ပြောကြားကြကာ သတင်းမီဒီယာ အဖွဲ့များမှ သိလိုသည်များ မေးမြန်းကြသည်။

ယင်းနောက် လှဖိုးခေါင်ကြား စခန်းသို့ ရောက်ရှိပြီး ကြားစခန်း အပြီးသတ် တည်ဆောက်နေမှုများနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်သတင်း ရယူကြသည်။

ထို့နောက် သတင်းမီဒီယာ အဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပြန်လည်ရောက်ရှိပြီး ပြန်လည် ဝင်ရောက်လာသည့် မိသားစုဝင်ငါးဦးကို သီးခြားစီတွေ့ဆုံကာ တစ်ဖက်နိုင်ငံမှ ပြန်လည်
ဝင်ရောက်လာသည့် နေ့ရက်၊ ပြန်လည် ဝင်ရောက်လာသည့် အကြောင်းရင်း၊ ဝင်ရောက်ခဲ့ သည့်နေရာ၊ တစ်ဖက်နိုင်ငံတွင် နေထိုင်ခဲ့သည့် နေရာ၊ လက်ရှိနေထိုင်နေမှု၊ အလုပ်အကိုင်၊ တစ်ဖက်နိုင်ငံမှ ပြန်မလာကြသူများနှင့်စပ်လျဉ်း၍ ၎င်းတို့၏အမြင်၊ လက်ရှိ အခြေအနေတွင် အနှောင့်အယှက်ရှိ၊ မရှိနှင့် NVC ကတ်အပေါ် ၎င်းတို့၏အမြင်များနှင့် စပ်လျဉ်း၍ မေးမြန်း သတင်းရယူကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, April 24, 2018

မှိုဝင်ချောင်းဝကင်း စခန်းအနီး၌ နေရပ်စွန့်ခွာ ရောက်ရှိသူများကို ၎င်းတို့၏နေရပ်သို့ ချောမွေ့စွာ ပြန်လည်ပို့ဆောင်


မောင်တော ၂၄-၄-၂ဝ၁၈

ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်ကျေးရွာနေ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စုခုနစ်စုမှ အမျိုးသား၂၁ဦး၊ အမျိုးသမီး၂၅ဦး စုစုပေါင်း ၄၆ဦးသည် တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် မောင်တောမြို့နယ် မှိုဝင်ချောင်းဝကင်း
စခန်းအနီး၌ နေရပ်စွန့်ခွာ ရောက်ရှိလာကြပြီး ၎င်းတို့၏သဘောဆန္ဒ အရနေရပ်သို့ပြန်သွား လိုကြောင်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသို့ အကြောင်းကြား သတင်းပို့ လာခဲ့ကြောင်း သိရသည်။

ထိုသို့ သတင်းပေးပို့မှုကြောင့် ယနေ့ မွန်းလွဲပိုင်းတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ္ဋ်၊ မောင်တောခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး၊ မောင်တောမြို့နယ် မြင်းလွတ် မြို့အုပ်ချုပ်ရေးမှူး ဦးဇာနည်ထွန်းတို့က ၎င်းတို့ကို သွားရောက်တွေ့ဆုံကာ အိမ်ထောင်စုအလိုက် ရိက္ခာဆန်များကို လတ်တလောထောက်ပံ့ ပေးအပ်ခဲ့ပြီး နေရပ်စွန့်ခွာ သူများအား မောင်တော-ဘူးသီးတောင်ကား လမ်းအတိုင်း ပြန်လည်ခေါ်ဆောင်ကာ ညနေပိုင်းတွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း အမှတ် (၁ဝ) နယ်မြေစခန်း၌ ရသေ့တောင် မြို့နယ်မှ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများက စောင့်ကြို၍ လွှဲပြောင်းလက်ခံ ဆောင်ရွက်ပြီး စက်လှေဖြင့် ၎င်းတို့၏ နေရပ်သို့ ချောမွေ့စွာ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

Wednesday, November 1, 2017

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ လုယူသွားသည့် မြင်းလွတ်ရဲကင်းစခန်းမှ သေနတ် ၂ လက်ပြန်လည်ရှာဖွေ တွေ့ရှိ


မြေကြီးအတွင်း မြှုပ်နှံထားသော သေနတ်များကို ရဲတပ်ဖွဲ့ဝင်များရှာဖွေ တွေ့ရှိစဉ်။


ပြန်လည်ရှာဖွေတွေ့ ရှိသည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများလုယူသွားသည့် သေနတ်များကို တွေ့ရစဉ်။

နေပြည်တော် ၁-၁၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွတ် (ရွာသစ်) ကျေးရွာ၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါ၍ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းတွင် လူဦးရေတိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိစဉ် အဆိုပါကျေးရွာရှိ လူနေထိုင်ခြင်းမရှိသော အဒူလာကိန်း (ဘ) မော်ခလောက်၏ နေအိမ်နောက်ဖေး ခြံဝင်းအတွင်း မသင်္ကာဖွယ်မြေကြီးများ ပွနေသဖြင့် တူးဖော်ကြည့်ရာ ပီနံအိတ်ဖြင့် ထည့်ထားသော ဘီအေ-၉၄ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၃၈ ဗို့ခြောက်လုံးပြူး သေနတ် ၁ လက်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

တိုက်ဆိုင်စစ်ဆေး ချက်များအရ အဆိုပါလက်နက်များသည် သြဂုတ် ၂၅ ရက်တွင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်းစခန်း ၃၀ ခုအားတစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် များ၌ မြင်းလွတ်ရဲကင်းစခန်းမှ ပါရှိသွားခဲ့သည့် လက်နက်များဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, October 26, 2017

ဘူးသီးတောင်-မောင်တော ဒေသ၌ နယ်မြေတည်ငြိမ် အေးချမ်းလာသဖြင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြံရေးတပ်ဖွဲ့ဝင်များ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ်အသင့်စုဖွဲ့



လုံခြုံရေးတပ်ဖွဲ့ဝင်များအနက် စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိမည့် ထုတ်နုတ်ထားသည့် တပ်မတော်စစ်ကြောင်း အချို့ကိုတွေ့ရစဉ်။

နေပြည်တော် ၂၆-၁၀-၂၀၁၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဩဂုတ် ၂၅ ရက်တွင် တပ်ဌာနချုပ်တစ်ခု အပါအဝင် ရဲကင်းစခန်း ၃၀ ခုကိုတစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လူမဆန်စွာ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့သဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဩဂုတ် ၂၅ ရက်မှပင် ဥပဒေနှင့်အညီ နယ်မြေရှင်းလင်းရေးအား ဆောင်ရွက်ခဲ့သဖြင့် စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း ထိတွေ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းများ လျော့နည်း လာခဲ့ပါသည်။

ယခုအခါ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးတို့မှာ အထိုက်အလျောက် ရရှိလာပြီဖြစ်၍ ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့များအနက် တပ်မတော်စစ်ကြောင်း အချို့ကိုလက်ရှိ ဘူးသီးတောင်-မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, October 17, 2017

မောင်တောမြို့နယ်၊ တောင်ပြိုဝဲမြို့၊ မဲဒီကျေးရွာနှင့် လက်ဖွဲ့ကျကျေးရွာအနီး မီးရှို့ရန်လာရောက်သည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ဖမ်းဆီးရမိ


သိမ်းဆည်းရမိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်ပေးထားသည့် Myanmar National's Card ကိုတွေ့ရစဉ်။

ဖမ်းဆီးရမိ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားနှစ်ဦးကို တွေ့ရစဉ်။

နေပြည်တော် ၁၇-၁၀-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုဝဲမြို့၊ မဲဒီကျေးရွာရှိ နေအိမ်များအား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမည်ဟု သတင်းအရ အဆိုပါကျေးရွာအနီး လုံခြုံရေးဆောင်ရွက်စဉ် အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် ကျေးရွာ၏အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၌ ဓားကိုယ်စီ ကိုင်ဆောင်ထားသည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးခန့်ကိုတွေ့ရှိ၍ လုံခြုံရေးတပ်ဖွဲ့ ၀င်တစ်ဦးက စစ်ဆေးမေးမြန်းရာ ပြန်လည်ပြောကြားခြင်းမရှိဘဲ ရှေ့ဆုံးမှ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတစ်ဦးက အသင့်ကိုင်ဆောင်ထားသောဓားဖြင့် ပြေးခုတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက လက်နက်ငယ်ဖြင့် ခုခံကာကွယ် ပစ်ခတ်ခဲ့သည်။

ထိုသို့ ပြန်လည်ခုခံ ပစ်ခတ်မှုကြောင့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်ဘက် နတ်မြစ်ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသဖြင့် လိုက်လံရှင်းလင်းခဲ့ရာ မဲဒီကျေးရွာ၏အနောက်ဘက် မီတာ ၁၀၀ခန့်အကွာ၌ လည်ပင်းတွင် လက်နက်ငယ်ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးနေသည့် ဘင်္ဂါလီအကြမ်းဖက်သမား တစ်ဦးအား အရိုးအသွား ၂ ပေ၊ ဗြက် ၂ လက်မခန့်ရှိ ဓား ၁ ချောင်း၊ ရေနံဆီထည့်၍ အ၀တ်ဖြင့် ပိတ်ဆို့ထားသည့် ပုလင်း ၁ လုံး၊ ၎င်း၏ကိုယ်ပေါ်မှ တာကာငွေ ၈၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်ပေးထားသော Myanmar National's Card တစ်ခုတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းကတ်တွင် ကတ်အမှတ်၊ 10420171013144309 ၊ အမည်၊ ဟာဆန် (Hasan) ၊အသက် ၂၀ နှစ်(ဘ)ရိုဟင် (Rohim)၊ လိပ်စာ Vill, Boli Bazar,Ps; Maungdaw, Dist; Akyab, Myanmar၊ ထုတ်ပေးရက်စွဲ ၂၀၁၇၊ အောက်တိုဘာ ၁၃ ရက်ဟု ဖော်ပြပါရှိသည်။

အလားတူ အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မဲဒီကျေးရွာ၏ တောင်ဘက် လက်ဖွဲ့ကျ ကျေးရွာအနီး၌ မသင်္ကာဖွယ် ဘင်္ဂါလီ ၃ ဦးအားတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် ခေါ်ယူစဉ် ၁ ဦးမှာ ထွက်ပြေးသွားခဲ့သည်။ ဖမ်းဆီးရမိသူ ၂ ဦး၏ ပြောကြားချက်အရ ၎င်းတို့မှာလက်ဖွဲ့ကျကျေးရွာမှ ဟာဆောင်း (ဘ)ဆွေနုယာမောက်နှင့် မူဟာမတ်ဒူဟိုင်း (ဘ) မိုဟာမတ်ကော်ရိန် တို့ဖြစ်ပြီး ထွက်ပြေးသွားသူမှာ မဲဒီကျေးရွာမှ နိုရာလောင် ဖြစ်ကြောင်း၊ သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်နေထိုင်ခဲ့ကြောင်း၊ အောက်တို ဘာ ၁၅ ရက် နံနက် ၆ နာရီ ခန့်တွင် နယ်စပ်ခြံစည်းရိုးအနီးရှိ ရေထွက်ပေါက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၎င်းတို့နေထိုင်ခဲ့ရာ လက်ဖွဲ့ကျ ကျေးရွာရှိ နေအိမ်များ၌ အသုံးအဆောင်ပစ္စည်းများကို ရှာဖွေပြီးနောက် ကျေးရွာအားမီးရှို့ဖျက်ဆီးရန် လာ ရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင် ရွက်နိုင်ရန် တောင်ပြိုယာရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, October 3, 2017

ဘင်္ဂါလီဦးရေ ၁ဝဝဝဝ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာရန် နယ်စပ်အနီးထပ်မံရောက်ရှိ၊ တာဝန်ရှိသူများသွားရောက် တွေ့ဆုံညှိနှိုင်း



နေပြည်တော် ၃-၁၀-၂၀၁၇

ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီများသည် စားဝတ်နေရေး အခက်အခဲကြောင့် လည်းကောင်း၊ လုံခြုံရေးအခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟုယူဆ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာရန် ဆက်သွယ်ပြောဆိုခြင်း များကြောင့်လည်းကောင်း၊ ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စု များထံသွားရောက်လိုခြင်းကြောင့် လည်းကောင်း မိမိနေထိုင်သည့် ကျေးရွာများမှတစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှစတင်၍ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်အနီးသို့ စုပြုံရောက်ရှိ လျက်ရှိသည်။

မောင်တောမြို့နယ် သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာကြားတွင် ဘူးသီးတောင်မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများရောက် ရှိနေကြောင်း သတင်းအရ မောင်တော
ခရိုင်အတွင်းတရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက် နံနက် ၁၁နာရီတွင် သွားရောက်တွေ့ဆုံခဲ့သည်။

တိမ်းရှောင်ရောက်ရှိနေသည့် ဘင်္ဂါလီများကို စားဝတ်နေရေး အခက်အခဲရှိပါကဆန်၊ ဆီ၊ ဆား၊ ပဲ လေးမျိုးကို ဒေသအတွင်းမှ နှစ်ဖက်လူ့အဖွဲ့အစည်းများကို လူမျိုးဘာသာမရွေး ထောက်ပံ့ပေးနေကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဒေသအတွင်း၌ အေးချမ်းတည်ငြိမ် ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး မိမိတို့ဒေသရပ်ရွာ ဒေသများ၌ အေးချမ်းစွာပြန်လည် နေထိုင်၍ လုပ်ကိုင်စားသောက်ကြရန် အခက်အခဲရှိသည်များကို တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံရှင်းလင်း ပြောကြားခဲ့မှုအပေါ် ၎င်းတို့ဘက်မှနားလည် သဘောပေါက်သော်လည်း တစ်ဖက်နိုင်ငံသို့သာ ၎င်းတို့ကိုယ်ပိုင်ဆန္ဒဖြင့် သွားရောက်လိုကြောင်း ပြန်လည်တင်ပြကြသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၆၈ဦးသည် စက်တင်ဘာ ၂၆ရက်တွင် ရွာသစ်ကေကျေးရွာ အနီး၌လည်းကောင်း၊ ရွှေထားကျေးရွာနှင့် ဇင်ခါးမကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ဦး၊ တောင်ချောင်းကျေးရွာ နှင့်ပေါက်တောကျေးရွာမှ ဘင်္ဂါလီ ၂၈၁ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီကျေးရွာတို့မှ ဘင်္ဂါလီဦးရေ၂ဝဝနှင့် ဒုအိုးသည်မ ကျေးရွာတို့မှ ဘင်္ဂါလီ ၃၅ဦးတို့သည် စက်တင်ဘာ ၂၇ရက်တွင် လေယာဉ်ကွင်း ကျေးရွာအနီး ကမ်းစပ်၌ လည်းကောင်း၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာနှင့် ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ဦးတို့သည် စက်တင်ဘာ ၂၈ရက်တွင် လေယာဉ်ကွင်းကျေးရွာ အနီးကမ်းစပ်၌ လည်းကောင်း၊ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီဦးရေ ၅၃ဝတို့သည် စက်တင်ဘာ ၂၉ ရက်တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုးကြားတွင် လည်းကောင်း၊ ထပ်မံရောက်ရှိလာသည့် ဘင်္ဂါလီဦးရေ ၁ဝဝဝဝခန့်သည် လက်ဖွဲ့ကျကျေးရွာနှင့် ကွမ်းသီးပင်ကျေးရွာကြား အနောက်ဘက် တောစပ်တို့တွင် တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန်စုပြုံ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

#Yadanarpondaily

Monday, October 2, 2017

မောင်တောမြို့နယ်၊ မြဇင်ကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများတွေ့ရှိ


သိမ်းဆည်းရမိ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများကိုတွေ့ရစဉ်။

သိမ်းဆည်းရမိ RE စာတန်းပါ အဝေးထိန်းခလုတ် များကိုတွေ့ရစဉ်။

နေပြည်တော် ၂-၁၀-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ ၀င်များသည် ယနေ့ညနေ ၃ နာရီခန့်တွင် မြဇင်ကျေးရွာသို့ရောက်ရှိစဉ် ဒေသခံများ၏ သတင်းပေးချက်အရ မီးလောင် ထားသော နေအိမ်ခြံဝင်းအတွင်းမှ မြေသားများပွနေသောနေရာအား မင်္သကာသဖြင့် တူးဖော်ရှာဖွေရာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေကြီးအတွင်း မြုပ်နှံထားသော ပလပ်စတစ်ပုံးအ၀ါ ၂ ပုံးအားတွေ့ရှိခဲ့ပြီး အဆိုပါပုံးများ အတွင်းမှအချင်း ၄ လက်မ၊အရှည် ၆ လက်မခန့်ရှိ လက်လုပ်မိုင်း ၂ လုံး၊အချင်း ၂ လက်မ၊အရှည် ၉ လက်မခန့်ရှိ လက်လုပ်မိုင်း ၁၀ လုံး၊ RE စာတမ်းပါ အဝေးထိန်းခလုပ် ၄ ခုနှင့် ၀ါယာကြိုး ၁၂၅ ပေခန့်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger