www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 27, 2018

ဗန်းမော်မြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းမိ



ဗန်းမော် ၂၇-၆-၂ဝ၁၈

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နေအိမ်အတွင်း မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူ သုံးဦးနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ် မြင့်ထူးနှင့်တပ်ဖွဲ့ဝင်များသည် ဇွန် ၂၅ရက်ည ၆ နာရီက ဗန်းမော်မြို့မ ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ် အောင်နိုင်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊သက်သေများနှင့် အတူ မူးယစ်ဆေးဝါး သတင်းအရ ဗန်းမော်မြို့ တပ်ကလေး ခွန်သာရပ်ကွက်နေ ကျော်ဆန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်သို့ မူးယစ်ဆေးဝါး လာရောက်ရောင်းချသူ ကျော်မင်းခိုင်၊ မခင်မျိုးအေးတို့နှင့်အတူ ကျော်ဆန်းကို တွေ့ရှိခဲ့သည်။

ဆက်လက်ရှာဖွေရာ ကျော်ဆန်း၏ နေအိမ်ခေါင်းရင်း ခြံစည်းရိုးအနီး မြေကြီးပေါ်မှ ပလတ်စတစ် ကော်ပိုက် ငါးချောင်းအတွင်း WY စာတန်းပါ စိတ်ကြွဆေးပြား ၂၅ ပြား၊ နေအိမ်အိပ်ခန်းအတွင်း ချိတ်ဆွဲထားသည့် အမျိုးသမီးကိုင် အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၆ပြား၊ နေအိမ်အိပ်ခန်းအတွင်း ချိတ်ဆွဲထားသည့် အမွေးပွစောင် အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၆ဝဝစုစုပေါင်း စိတ်ကြွဆေးပြား ၁၆၄၁ ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသည့် ကျော်ဆန်း ဗန်းမော်မြို့နေသူနှင့် ကျော်မင်းခိုင်နှင့် ခင်မျိုးအေး မံစီမြို့နေသူတို့ကို ဗန်းမော်မြို့မ ရဲစခန်းက မယ(ပ)၉၅/၂ဝ၁၈၊မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger