www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 11, 2018

မြန်မာနိုင်ငံရှိ ဆင်စခန်းဝင်ကြေး နှုန်းထားများ လျှော့ချပြင်ဆင်ရန် ညှိနှိုင်းဆွေးနွေးမည်



ရန်ကုန် ၁၁-၄-၂၁၀၈

မြန်မာနိုင်ငံအတွင်းရှိ ဆင်စခန်းများသို့ လာရောက်ကြည့်ရှု လေ့လာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ၏ ဆင်စခန်း ဝင်ကြေး နှုန်းထားများကို လျှော့ချပြင်ဆင်ရန် ညှိနှိုင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

''ဆင်စခန်းတွေရဲ့ ဝင်ကြေး လျှော့ချဖို့က ခရီးသွားလုပ်ငန်း ဘက်ကနေ အကြံပြု တင်ပြထားတာတွေကို တတ်နိုင်သလောက် စဉ်းစားပေးပါ့မယ်။ လျှော့ချဖို့အတွက် ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့မရပါဘူး။ အများသဘောနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်'' မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ (အုပ်ချုပ်ရေး) ဦးမိုးမြင့်က ပြောသည်။

လက်ရှိတွင် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးမှ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဆင်စခန်း ၁၈ ခုကို အောင်မြင်စွာ ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်သည်။

အဆိုပါ ဆင်စခန်းများတွင် မြန်မာနိုင်ငံသားများ လာရောက်လေ့လာ ကြည့်ရှုရာ၌ ဝင်ကြေးမှာ ဆင်စခန်း အမျိုးအစားအလိုက် ဝင်ကြေး ငွေကျပ် ၅ဝဝ မှ ၂ဝဝဝ ဝန်းကျင်သာ ရှိသော်လည်း နိုင်ငံခြားခရီးသွား ဧည့်သည်များ အတွက် ငွေကျပ် ၂ဝဝဝဝ ဝန်းကျင်တွင်ရှိကြောင်း သိရသည်။ စခန်းအတွင်း ဆင်စီးမည်ဆိုပါက မြန်မာနိုင်ငံသားများအတွက် တစ်ကြိမ်လျှင် ငွေကျပ် ၅ဝဝဝ ဝန်းကျင်သတ်မှတ် ထားသော်လည်း နိုင်ငံခြားခရီးသွား ဧည့်သည် များကို ငွေကျပ် ၂ဝဝဝဝ ကောက်ခံလျက်ရှိသည်။

''ဝင်ကြေးအနေနဲ့ မြန်မာနိုင်ငံသား တွေအတွက် ဒီလောက် မများပေမယ့် နိုင်ငံခြားခရီးသွား ဧည့်သည်တွေကတော့ ဝင်ကြေးငွေကျပ် ၂ဝဝဝဝ ဆင်စီးရင် ငွေကျပ်၂ဝဝဝဝ ဆိုတော့ နည်းနည်းများတာပေါ့။ ဖြစ်နိုင်ရင်တော့ နိုင်ငံခြားသားတစ်ဦးကို ဝင်ကြေးအနေနဲ့ အမေရိကန် ၅ ဒေါ်လာ ဆင်စီးမယ်ဆို အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှုန်းလောက် ပြောင်းလဲပေး စေချင်ပါတယ်'' ဟု Union of Myanmar Travel Association မှ မန်နေးဂျင်း ဒါရိုက်တာ ဦးမင်းသိန်းက ပြောသည်။

ယခုအခါ ဆင်စခန်း ၁၈ ခုအနက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၁၇/ဝ) မြေလမ်း ၂ ဖာလုံခန့် တွင်ရှိသော နေပြည်တော် ငလိုက်ဆင်စခန်းမှာ ဝင်ငွေအများဆုံးဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ဝင်္ဂဘော ဆင်စခန်းမှာ ဒုတိယဝင်ငွေအများ ဆုံးရရှိနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger