www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 29, 2018

မန္တလေးသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်လေလံချထားမှု ငွေကျပ်သိန်း ၁၂ဝဝ ကျော်ရရှိ လမ်းလျှောက်သင်္ကြန် ဆင်နွှဲရန် ရန်ကုန်အခြေစိုက် ကုမ္ပဏီများ စိတ်ဝင်စားမှု မြင့်တက်ခဲ့



မန္တလေး ၂၉-၃-၂ဝ၁၈

၂ဝ၁၈ ခုနှစ် မန္တလေးမြို့ မဟာသင်္ကြန် ပွဲတော်အတွက် ရေကစား မဏ္ဍပ်ကြီးများကို လေလံချထား ပေးခဲ့ရာ ငွေကျပ်သိန်း ၁၂ဝဝ ကျော်ရရှိခဲ့ပြီး လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲရန်အတွက် ရန်ကုန်အခြေစိုက် ကုမ္ပဏီများ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ မန္တလေး မဟာသင်္ကြန် ပွဲတော်အတွက် ကျုံးဘေးတွင် ခွင့်ပြုပေးမည့် (၁ဝဝ×၂၅) ပေရှိ မဏ္ဍပ်ကြီးများ လေလံချထားမှု ကိုမတ် ၁၉ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးတွင် ကျင်းပခဲ့ပြီး လေလံ ချထားပေးမှုမှ ငွေကျပ် ၁၂၁၁ သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ကျုံးပတ်လည် မဏ္ဍပ်လေလံ ချထားပေးရာတွင် ကျုံးအရှေ့ဘက် ၆၆ လမ်းမပေါ်၊ ၁၂ လမ်းနှင့် ၁၉ လမ်းကြား၌ မဏ္ဍပ်ကြီး ၁ဝ နေရာချထားရန် လျာထားခဲ့ရာ ရှစ်နေရာ လေလံရရှိခဲ့ကြောင်း၊ ကျုံးအနောက်ဘက် လမ်း၈ဝ ပေါ် ၊ ၁၉ လမ်းနှင့် ၂၆ လမ်းကြား၌ မဏ္ဍပ်ကြီးကိုးနေရာ ချထားပေးရန်လျာထားခဲ့ရာ လေးနေရာ လေလံရရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ၂ဝ၁၇ခုနှစ် မန္တလေးမဟာသင်္ကြန် ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ကို စတင်ထည့်သွင်း ပုံဖော်ခဲ့ပြီး လူအများကို ဆွဲဆောင်နိုင်ခဲ့ကာ အောင်မြင်မှု ရရှိခဲ့သည့် အတွက်ယခုနှစ် လမ်းလျှောက်သင်္ကြန်၌ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ဆင်နွှဲရန် စိတ်ဝင်စားမှု မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက် သင်္ကြန်အပြင် အောင်မြေသာစံမြို့နယ် ကျုံးရှေ့ ၆၆ လမ်း၊ ၁၉လမ်းနှင့် ၂၄လမ်းကြား တွင်ညပိုင်း၌ တောသင်္ကြန်ကိုလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယခုနှစ် မန္တလေးသင်္ကြန်တွင် ၆၂လမ်းပေါ်ရှိ မနော်ရမံ္မကွင်း၌လည်း လူငယ်သင်္ကြန်ကိုပါ ထည့်သွင်းပြုလုပ် သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger