www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 29, 2018

မြန်မာ့ ရော်ဘာများကို ဖောက်သည် ဈေးကွက်နိုင်ငံ ငါးနိုင်ငံသို့ ပုံမှန်တင်ပို့ ရောင်းချပေးနေ



ရန်ကုန် ၂၉-၃-၂ဝ၁၈

မြန်မာ့ရော်ဘာ များကို ဖောက်သည် ဈေးကွက်နိုင်ငံ ငါးနိုင်ငံသို့ ပုံမှန်တင်ပို့ ရောင်းချပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိနေသော ရော်ဘာများမှာ အရည်အသွေးနှင့်  နည်းပညာလိုအပ်မှုများ ရှိနေသော်လည်း သဘာဝ ရော်ဘာများအဖြစ် ဖောက်သည်ဈေးကွက် နိုင်ငံငါးနိုင်ငံသို့ ပုံမှန်တင်ပို့ ရောင်းချပေး လျက်ရှိသည်။ 
မြန်မာနိုင်ငံမှ သဘာဝရော်ဘာများကို ပုံမှန်တင်ပို့ ရောင်းချ ပေးနေသည့် ဖောက်သည် ဈေးကွက်နိုင်ငံများမှာ တရုတ်၊ကိုရီးယား၊ ဂျပန်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ အဆိုပါ ဖောက်သည်ဈေးကွက် နိုင်ငံများသို့
နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့ရောင်းချ ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ မတ် ၁ဝ ရက်မှ ၁၆ရက်ထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၉ သန်းတန်ဖိုးရှိ ရော်ဘာအမျိုးအစားစုံ ၁၉ဝ၇ တန်ခန့် တင်ပို့နိုင်ခဲ့သည်။ ထိုသို့တင်ပို့ ရောင်းချပေးခဲ့ရာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ RSS-1 အမျိုးအစား ၃၃၇ တန်ခန့်၊ RSS-3 အမျိုးအစား ၅၅၂ တန်ကျော်နှင့် MSR20 အမျိုးအစား ၂၁၁တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား ၈ဝ၆ တန်တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ် ၁၁ ရက်မှ ၁၇ ရက်ထိ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈ သန်း တန်ဖိုးရှိရော်ဘာ တန်ချိန် ၁၁၁ဝ ကို ဖောက်သည် ဈေးကွက်နိုင်ငံများ ဖြစ်သည့် မလေးရှား၊ဂျပန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သို့ တင်ပို့ရောင်းချ ပေးခဲ့သည်။ ထိုသို့ တင်ပို့ရာတွင် မလေးရှားနိုင်ငံသို့ RSS-3 အမျိုးအစား ၃၉၂ တန်ကျော်၊ MSR20 အမျိုးအစား၂၉၄တန်၊ တရုတ်နိုင်ငံသို့ MSR10 အမျိုးအစား ၂ဝ၂တန်ခန့်၊ အိန္ဒိယနိုင်ငံသို့ MSR20 အမျိုးအစား ၂ဝ၂တန်နှင့် MSR10 အမျိုးအစား တန်ချိန်၂ဝကျော်တင်ပို့ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger