www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 28, 2017

မြန်မာနိုင်ငံအခြေစိုက် ပြည်ပသတင်းဌာနများ၊ ပြည်တွင်းသတင်းဌာနများမှ သတင်းမီဒီယာများ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များနှင့်ပတ်သက်၍ သွားရောက်သတင်းရယူ


ပြည်တွင်းပြည်ပသတင်းမီဒီယာများ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များနှင့် ပတ်သက်၍ သတင်းရယူစဉ်။

သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ဆွေမျိုးသားချင်းများကို တွေ့ရစဉ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက သတင်းမီဒီယာများ၏မေးမြန်းမှုများကို ဖြေကြားစဉ်။

နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ ရဲမှူးကြီးဥက္ကာကိုက သတင်းမီဒီယာများ၏မေးမြန်းမှုများကို ဖြေကြားစဉ်။

နေပြည်တော် ၂၈-၉-၂၀၁၇

မြန်မာနိုင်ငံအခြေစိုက် ပြည်ပမီဒီယာများနှင့် ပြည်တွင်းမီဒီယာများသည် ယနေ့တွင် ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံရသော ဟိန္ဒူ ဘာသာဝင် ရုပ်အလောင်းများအား ရှာဖွေတူးဖေါ်တွေ့ရှိသည့် မောင်တောမြို့နယ်၊ ရဲဘောက်ကျကျေးရွာ အနီးသို့သွားရောက် သတင်းရယူကြသည်။

ဦးစွာ အဆိုပါမီဒီယာအဖွဲ့များသည် ရဲဘောက်ကျကျေးရွာအနီး၌ ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ ရှာဖွေတူးဖော်ရရှိသည့် နေရာသို့ရောက်ရှိ၍ ရက်စက်စွာသတ်ဖြတ် ခံထားရမှု အခြေအနေများအား ကြည့်ရှုပြီး သိရှိလိုသည် များမေးမြန်း ကြသည်။

၎င်းမေးမြန်းမှုအပေါ် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှ ရဲမှူးကြီး ဥက္ကာကိုနှင့်ဦးနီမော်လ် (ဟိန္ဒူဘာသာဝင် ကူညီရေးခေါင်းဆောင်) တို့ကရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်များအား အကြမ်းဖက် ဘင်္ဂါလီများကဖမ်းဆီး ခေါ်ဆောင်ခဲ့မှုနှင့် သတ်ဖြတ်ခဲ့မှုများအား ၎င်းတို့အနက်မှအသက်မသေဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများက ဖုန်းဖြင့်ဆက်သွယ်၍ ပြောကြားခဲ့မှု၊ ၎င်းသတင်း အရမြေပြင်တွင် လိုက်လံရှာဖွေခဲ့ရာ ရက်စက်စွာလည်လှီး သတ်ဖြတ်၍ အမျိုးသမီးများနှင့် ကလေးများအားတစ်နေရာ၊ အမျိုးသားရုပ်အလောင်းများအား တစ်နေရာစီခွဲ၍ မြှုပ်နှံထားခြင်းအား ရှာဖွေ တူးဖော်တွေ့ရှိမှုနှင့်ဆက်လက် ရှာဖွေနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး သတင်းမီဒီယာများက သေဆုံးခဲ့သူများ၏ ဆွေမျိုးသားချင်းများအား မေးမြန်းသတင်းရယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် မောင်တောမြို့၊ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိပြီး ၎င်းကျေးရွာနေ ဘင်္ဂါလီလူမျိုးများ အားတွေ့ဆုံပြီး နယ်မြေဒေသအခြေအနေများ၊ ဖြစ်စဉ်ဖြစ်ပွားမှု အခြေအနေများဖြင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းသတင်းရယူ ကြသည်။

ထို့နောက် သတင်းထောက်များက မောင်တောဒေသအတွင်း ဖြစ်စဉ်ဖြစ်ပွားခဲ့မှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖြေရှင်းဆောင်ရွက် နေမှုအခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းကြရာ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံ ရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger