www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 28, 2017

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များ ပူးပေါင်း၍ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ရှာဖွေမှု ဆက်လက်ဆောင်ရွက်




ဟိန္ဒူဘာသာဝင်အလောင်း ၄၅ လောင်း တွေ့ရှိသည့်နေရာနှင့် ထပ်မံရှာဖွေသည့် နေရာပြမြေပုံ

စက်တင်ဘာ ၂၈-၉-၂၀၁၇

သြဂုတ်လ ၂၆ ရက်နေ့တွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မောင်တောမြို့ ဆောက်လုပ်ဆဲ ခရိုင်တရားရုံး၌ ဟိန္ဒူဘာသာဝင် ၆ ဦး၊ နေအိမ် အတွင်းရှိ ဟိန္ဒူဘာသာဝင် ကလေးငယ် ၁ ဦး၊ စုစုပေါင်း ၇ ဦး တို့မှာ သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် ဟိန္ဒူဘာသာဝင် မိသားစု ၅၆၃ စု ၊ လူဦးရေ ၂၇၅၂ ဦး တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်တွေမြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၂၆၂ ဦး ၊ မောင်တောမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု ၂၄၁ စု၊ လူဦးရေ ၁၄၈၇ ဦး ၊ ဘူးသီးတောင်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦးတို့ အသီးသီးခိုလှုံနေထိုင်လျက် ရှိကြောင်းသိရှိရသည်။

ထို့အပြင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင်များ ပျောက်ဆုံးနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဟိန္ဒူဘာသာရေး ခေါင်းဆောင် ဦးနီမောလ်ပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဟိန္ဒူဘာသာဝင်များ နှင့်အတူ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှ စတင်၍ရှာဖွေခဲ့ရာ ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဖက် မီတာ ၁၅၀၀ ခန့်အကွာတွင် မြေကျင်း ၂ ကျင်း၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများက သတ်ဖြတ်မြှုပ်နှံထားသည့် ရုပ်အလောင်း ၂၈ လောင်းကိုဦးစွာ တူးဖော်တွေ့ရှိခဲ့သည်။ယင်းသို့ တွေ့ရှိရသည့် ရုပ်အလောင်း ၂၈ လောင်းတွင် ၁၀ နှစ်အောက် ကလေးသူငယ် ၆ ဦး၊ ၁၆ နှစ်အောက် ကလေးငယ် ၂ ဦး စုစုပေါင်း ကလေးငယ် ၈ ဦး၏ အလောင်းများ ပါဝင်ခဲ့သည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် ပထမတွေ့ရှိခဲ့သည့်နေရာ၏ အရှေ့ဖက် မီတာ၂၀၀ အကွာတွင် မြေကျင်း ၂ ကျင်း၌ မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၇ လောင်းကို ထပ်မံတူးဖော်တွေ့ရှိခဲ့သဖြင့် အကြမ်းဖက် သတ်ဖြတ်ခြင်း ခံရသော ဟိန္ဒူဘာသာဝင် စုစုပေါင်း ၅၂ ဦး ရှိပြီဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်း ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ရဲဘော်ကျကျေးရွာမှ ပျောက်ဆုံးနေဆဲဖြစ်သည့် ဟိန္ဒူဘာသာဝင် ၄၈ ဦးကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့်အပြင် မောင်တောမြို့နယ်၊ အိုးထိန်း ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ ဦး ပျောက်ဆုံးနေကြောင်း ထပ်မံသိရှိရသဖြင့် ဆက်လက်ရှာဖွေ လျက်ရှိသည်။

ARSA အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ၅၂ ဦး သေဆုံးခဲ့ရပြီး စုစုပေါင်း ၁၉၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမား များ၏ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တူးဖော်တွေ့ရှိခဲ့သည့်နေရာသို့ မြန်မာနိုင်ငံ အခြေစိုက်ပြည်တွင်းပြည်ပ မီဒီယာများဖြစ်သည့် TBS ၊ Asahi Shun bum၊ EPA ၊ AFP၊ VOA ၊ CNA ၊ BBC ၊ Xinhua ၊ TV Asahi ၊ Nippon TV ၊ Frontier Myanmar နှင့် Reuter သတင်းဌာနတို့မှ သတင်းအဖွဲ့များသည် ယနေ့တွင် နေ့ချင်းပြန် သွားရောက် သတင်းယူခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger