www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, May 21, 2016

အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ သင်တန်းဆင်း


စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ် မိုးအောင် နှင့် တာဝန်ရှိသူများ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းမှ သင်တန်းသား သင်တန်းသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၁၆) သင်တန်းသား သင်တန်းသူများ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ရုရှားရေတပ်မှ စစ်ရေယာဉ်များကို ကြည့်ရှုလေ့လာစဉ်

နေပြည်တော် ၊ ၂၁-၅-၂၀၁၆

နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း မျိုးဆက်သစ် လူငယ်များ၏ အသိပညာများ ဖွံ့ဖြိုးတိုးတက် စေရန်၊ အားလပ်ရက်များ အကျိုးရှိ စေရန်၊ မိမိ ဝါသနာပါသည့် ပညာရပ် များကို လေ့လာဆည်းပူး နိုင်စေရန် နှင့် နိုင်ငံတော် အတွက် ရေကြောင်း ပညာ၊ လေကြောင်း ပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွန်း လာစေရန် အတွက် ရည်ရွယ်၍ တပ်မတော် (ရေ) နှင့် တပ်မတော် (လေ)တို့မှ ဧပြီ ၂၅ ရက်မှ စတင်၍ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်ခဲ့သည့် ရေကြောင်း နှင့် လေကြောင်း လူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းများ၏ သင်တန်းဆင်းပွဲ ကို ယမန်နေ့ နံနက်ပိုင်းတွင် အသီးသီး ကျင်းပ ပြုလုပ်သည်။

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) သင်တန်းဆင်းပွဲ ကို ရန်ကုန်မြို့ရှိ ရေတပ် လေ့ကျင့်ရေး ဌာနချုပ်တွင် ပြုလုပ်ရာ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် မိုးအောင် နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း တို့ တက်ရောက်၍ စစ်ဦးစီး အရာရှိချုပ် (ရေ) က သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူ များကို သင်တန်းဆင်း အောင်လက်မှတ် နှင့် ဆု ရရှိကြသော စခန်းများကို ဆုများ အသီးသီး ပေးအပ်သည်။

ယင်းနောက် သင်တန်းသား များသည် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော ရုရှားရေတပ်မှ စစ်ရေယာဉ် များကို သွားရောက် ကြည့်ရှုလေ့လာ ခဲ့ကြသည်။

ထို့အတူ လေကြောင်း လူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) သင်တန်းဆင်းပွဲ ကို မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၌ ပြုလုပ်ရာ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူ များကို သင်တန်းဆင်း အောင်လက်မှတ် နှင့် ထူးချွန်ဆု ရရှိသူများကို ဆုများ အသီးသီး  ပေးအပ်သည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများ၏ RC လေယာဉ် လက်တွေ့ သရုပ်ပြ မောင်းနှင်ခြင်းများ ပြုလုပ်ခဲ့ ကြသည်။

ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) ကို သင်တန်းသား၊ သင်တန်းသူ ၂၆ဝ ဦးဖြင့် ရေကြောင်း လမ်းညွှန် အခြေခံ သဘော တရားများ၊ အခြေခံ အချက်ပြ ဆက်သွယ်ရေး ဆိုင်ရာနှင့် အခြေခံ လှေလှော်ရွက် တိုက်နည်း စသည့် ပညာရပ် များကို လည်းကောင်း၊ ရေကြောင်းလူငယ် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) ကို သင်တန်းသား၊ သင်တန်းသူ ၁၃ဝ ဦးဖြင့် အသုံးချ ရေကြောင်း လမ်းညွှန် ဆိုင်ရာများ၊ နက္ခတ္တဗေဒ နှင့် ဂျီပီအက်စ် အပါအဝင် ရေကြောင်း သွားလာရေး ဆိုင်ရာများ၊ အချက်ပြ ဆက်သွယ်ရေး ဆိုင်ရာ နှင့် လှေလှော် ရွက်တိုက်နည်း စသည့် ပညာရပ် များကို လည်းကောင်း သင်ကြားပို့ချ ပေးခဲ့သည်။ သင်တန်းကာလ အတွင်း တွင်လည်း စစ်ရေယာဉ် များနှင့် စစ်ရေယာဉ် များပေါ်တွင် တပ်ဆင် အသုံးပြုသည့် လက်နက်နှင့် လက်နက် စနစ်များ၊ သင်္ဘော တည်ဆောက် နေမှုများ၊ ရေယာဉ် ခုတ်မောင်း ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များကို သက်ဆိုင်ရာ ရေတပ်စခန်း ဌာနချုပ် အလိုက် လက်တွေ့ လေ့လာခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေကြောင်းလူငယ် စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့် ပြိုင်ပွဲများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၁၆) သင်တန်းဆင်းပွဲ ကျင်းပစဉ်

စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် နှင့် တာဝန်ရှိသူများ လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းမှ သင်တန်းသား သင်တန်းသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

အလားတူ လေကြောင်းလူငယ် အခြေခံ သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆)ကို သင်တန်းသား၊ သင်တန်းသူ ၃၆ဝ ဦးဖြင့် ပျံသန်းရေး ဆိုင်ရာ နှင့် လေယာဉ် တည်ဆောက်မှု ဆိုင်ရာများကို လည်းကောင်း၊ လေကြောင်း လူငယ် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆)ကို သင်တန်းသား၊ သင်တန်းသူ ၄ဝ ဦးဖြင့် လက်တွေ့ လေယာဉ် တည်ဆောက်မှု၊ အဝေးထိန်း ပျံသန်းမှုနှင့် လက်တွေ့ ဆောင်ရွက်ချက် များကို လည်းကောင်း သင်ကြားပို့ချ ခဲ့ပြီး သင်တန်းကာလ အတွင်း လေယာဉ်၊ ရဟတ်ယာဉ် များကို လေ့လာခြင်း၊ လေယာဉ် လိုက်ပါစီးနင်း လေ့လာခြင်း၊ Radio Control/ Remote Control လေယာဉ်၊ ရဟတ်ယာဉ်များ မောင်းနှင်ခြင်း တို့ကို သက်ဆိုင်ရာ လေတပ်စခန်း ဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ ကြသည်။ ထို့ပြင် လေကြောင်းလူငယ် စခန်းပေါင်းစုံ တွေ့ဆုံပွဲများ ပြုလုပ်၍ ပညာရပ် ဆိုင်ရာ ယှဉ်ပြိုင်မှု များလည်း ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger