www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 28, 2015

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ပေါ်ရှိ ဘုရားစေတီအချို့ နှင့် သာသနိက အဆောက်အအုံများ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး


မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ကနီမြို့ပေါ်ရှိ ရွှေမြင်းဖြူ အရံစေတီ
 နှင့် သီတာဦးစေတီ ထီးတော်မြေခမှုကို တွေ့ရစဉ်


ကနီ ၊ ၂၈-၁၁-၂၀၁၅

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်အရ ယမန်နေ့ ညနေ ၃ နာရီ ၄ မိနစ် ၁၈ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၏ အနောက် မြောက်ဘက် ၃၅ မိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၄ အဆင့် အင်အား အသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ် မှုကြောင့် ကနီမြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ သီတာဦးစေတီ ထီးတော်မြေခ၍ သပိတ်မှောက် အောက်မှ ပြိုကျခြင်း၊ မြို့လယ် ဘုရားကြီး ထီးတော်ယိုင်ပြီး ငှက်ပျောဖူး အက်သွားခြင်း၊ ဓာတ်ပေါင်းစု စေတီတော် စိန်ဖူးတော် မြေခပြီး ထီးတော်ယိုင်ခြင်း၊ ဂန္ဓကုဋိတိုက် အဆောက်အအုံရုံ အတွင်း ပတ်လည်အက် သွားခြင်း၊ အမှတ်(၂) ရပ်ကွက် သမိုင်းဝင် ရွှေမြင်းဖြူ မြတ်စွာဘုရား လုံးတော် ဒေါင်လိုက် အက်ကွဲခြင်း၊ အရံ စေတီတစ်ဆူ စိန်ဖူးတော် မြေခပြီး တစ်ဆူမှာ ထီးတော် အောက်ဘက် ငှက်ပျောဖူးမှ ပြတ်ကျပြီး ထီးတော် မြေခခြင်း၊ အမှတ်(၂) ရပ်ကွက်ရှိ ရှင်ပင် စစ်သားဘုရား စိန်ဖူးတော် မြေခ၍ ထီးတော်မဏ္ဍိုင် အနည်းငယ် ယိုင်ခြင်း၊ ရွှေစည်းခုံစေတီ ငှက်ပျောဖူး အက်သွားခြင်း၊ နန်းကျောင်းတိုက် အတွင်းရှိ စေတီတော် ထီးတော် အနည်းငယ် ယိုင်ခြင်း ၊ အမှတ်(၃) ရပ်ကွက် အောင်သိဒ္ဓိစေတီ ကိုယ်လုံးတော် အက်ကွဲကျခြင်းများ ဖြစ်ပွားခဲ့သည်။

မြို့နယ်အတွင်းရှိ ကနဲကျေးရွာ ရွှေသိမ်တော်ဘုရား စိန်ဖူးတော်မြေခ၊ သင်္ကြန်ဘုရား စိန်ဖူးတော် မြေခပြီး သပိတ်မှောက် အက်ခြင်း၊ ဘုရားငါးဆူ ဘုရား စိန်ဖူးတော် မြေခ၍ သပိတ်မှောက် အက်ခြင်း၊ ညောင်ဝန်းကျေးရွာ အောင်သိဒ္ဓိစုံ ဘေးရန်လုံ ဘုရား စိန်ဖူးတော် မြေခပြီး သပိတ်မှောက် အက်ခြင်း၊ စိန်ကုန်းကျေးရွာ ငါးမာန်အောင် ဘုရား အပေါ်၊ အောက်အက်ကွဲခြင်း၊ ညောင်ဝန်း ကျေးရွာရှိ လူနေအိမ်မှ မီးဖိုချောင် အချို့နှင့် ကျောမကြား ကျေးရွာ မူလတန်းကျောင်း အုတ်နံရံ အက်ကွဲခြင်းများနှင့် ခိုတွင်ဒ ကျေးရွ ၊ မင်းအိုကျေးရွာ ၊ တပေါင်းကျေးရွာ၊ ကျောင်းလည် ကျေးရွာ၊ ကင်းကျေးရွာ၊ မိုးကောင်း ကျေးရွာ၊ သမင်ခြံကျေးရွာ၊ ကံဇိဘ ကျေးရွာ၊ ကျွဲတက်ကျေးရွာ၊ ဆူးလေကုန်း ကျေးရွာ၊ ဝယာကျေးရွာနှင့် ရွာသာကျေးရွာ တို့မှ ဘုရားစေတီများ နှင့် သာသနာ့ အဆောက်အအံများ အနည်းငယ် ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger