www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 27, 2015

၂၀၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ကင်းထောက် ညီလာသို့ မြန်မာနိုင်ငံ တက်ရောက်မည်


ရန်ကုန် ၊ ၂၇-၁၁-၂၀၁၅

၂၀၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန် နိုင်ငံ၌ ကျင်းပပြုလုပ် သွားမည့် ကမ္ဘာ့ကင်းထောက် ညီလာခံသို့ မြန်မာနိုင်ငံ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးကြိုင် က ပြောပြသည်။

မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ကို ယခုနှစ် နိုဝင်ဘာလ ၃ ရက်က တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပခဲ့သည့် (၂၅) ကြိမ်မြောက် Asia- Pacific Regional Scout Conference က ပထမအကြိမ် တရားဝင် ဖိတ်ကြားခဲ့သည်။

့The World Organization of the Scout Movement (WOSM) ၏ စည်းမျဉ်းဥပဒေ Article V  အရ Steering Committee က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန် နိုင်ငံ၌ ကျင်းပ ပြုလုပ်သွားမည့် ကမ္ဘာ့ကင်းထောက် ညီလာခံသို့ တက်ရောက်မည် ဖြစ်သည်။

အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက် အဖွဲ့ချုပ်နှင့် ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ် ကိုယ်စားလှယ်တို့က ၂ဝ၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ကို ပြန်လည်ရှင်သန် ဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် အကြံဉာဏ်များ ပေးခြင်း ၊ ညှိနှိုင်းဆွေးနွေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (အိအိအောင်)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger