www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 27, 2015

ဗြိတိန်နိုင်ငံတွင် ပြင်းထန်သော ဓာတ်ငွေ့တစ်မျိုးကြောင့် တစ်နှစ်လျှင် လူ ၁၁၀၀ အသက်ဆုံးရှုံးခဲ့ရ



လန်ဒန် ၊ ၂၇-၁၁-၂၀၁၅

လူကို သေစေနိုင်သည့် ကာဗွန် မိုနောက်ဆိုက် ထက် ၂၇ ဆပိုမို ပြင်းထန်သော ဓာတ်ငွေ့တစ်မျိုး သည် အိမ်တိုင်းတွင် ရှိနေပြီး ဗြိတိန်နိုင်ငံ တစ်နိုင်ငံထဲတွင် ၄င်း ဓာတ်ငွေ့ကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၁ဝဝ အသက်ဆုံးရှုံး ခဲ့ရကြောင်း စစ်ဆေးတွေ့ရှိ လာသည်။

အဆိုပါ ဓာတ်ငွေ့သည် ရေဒီယို အက်တမ်ဓာတ်ငွေ့ တစ်မျိုးဖြစ်ပြီး Radon (ရေးဒန်)ဟု အမည် ပေးထားရှိသည်။ အနံ့အသက် မရှိ၊ အရောင်အဆင်း မရှိ၊ သဘာဝအတိုင်း မြေကြီးထဲတွင် ရှိနေတတ်သော ဓာတ်ငွေ့ဖြစ်ပြီး ဗြိတိန်နိုင်ငံ နှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတိုင်းတွင် တည်ရှိနေသည်။

၁၉၅ဝ ပြည့်နှစ်နှင့် ၁၉၆ဝ ပြည့်နှစ်ထိ အမေရိကန် သတ္တုမိုင်းတွင်း လုပ်သားများတွင် ဖြစ်တတ်သော ကပ်ရောဂါ ဆိုင်ရာ စစ်တမ်းတစ်စောင် ပြုစုခဲ့ကြရာမှ Radon ဓာတ်ငွေ့သည် အဆုတ်ကင်ဆာ ရောဂါကို အများဆုံး ဖြစ်စေသော ဓာတ်ငွေ့ ဖြစ်ကြောင်း တွေ့ရှိလာခဲ့ ကြသည်။

မြေကြီးအတွင်းမှ ထွက်ရှိလာသော Radon ဓာတ်ငွေ့သည် ပြင်ပလေနှင့် ထိတွေ့သောအခါ အလွယ်တကူ ရောနှောတတ်၍ လူသားများ သတိမမူမိ ခဲ့ကြခြင်း ဖြစ်သည်။ လေဝင်၊ လေထွက် ကောင်းသော နေရာများ၊ မြေအောက်ခန်းများ၊ ကမ္ဘာ့ မြေအောက်တွင် ရှိနေတတ် ကြသော သတ္တု မိုင်းတွင်းကြီး များတွင်မူ သိသိသာသာ အန္တရာယ်ပေး တတ်ကြောင်း တွေ့ရှိ လာရသည်။

Radon ဓာတ်ငွေ့နှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံ အတွင်း ၁၉၇ဝ ပြည့်နှစ်မှ ၁၉၈ဝ ပြည့်နှစ် တစ်ဝိုက်ထိ သုတေသန ပြုခဲ့ကြရာ လူအများ နေထိုင်ရာ နေရာများစွာ တို့တွင် ရောက်ရှိနေကြပြီး လူအများ၏ ကျန်းမာရေးကို အပြင်းထန်ဆုံး ဒုက္ခပေး နေသော ဓာတ်ငွေ့ ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ကိုယ်တိုင်က Radon ဓာတ်ငွေ့သည် ကင်ဆာရောဂါ ရရှိစေနိုင်သည့် ဓာတ်ငွေ့ဟု သတ်မှတ်ထား ရှိသည်။ ၄င်းဓာတ်ငွေ့သည် စက္ကန့် ၃ဝ အတွင်း လေထုတွင် ပျော်ဝင် ပျောက်ကွယ်စေနိုင်သကဲ့သို့ ရက်ပေါင်း ၁၃၆ ရက်ထိလည်း ရှိနေတတ်သည်။ လေ့လာမှုများ အရ ဗြိတိန် နိုင်ငံအတွင်း အဆုတ်ကင်ဆာ ရရှိသူများတွင် Radon ဓာတ်ငွေ့ ရှူရှိုက်မိခြင်းက အဓိက ပါဝင်နေခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger