www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 30, 2015

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို သဘာဝဘေးသင့်ဒေသ များတွင် လျာထားရက်ထက် နောက်ကျ၍ ပြုလုပ်သွားနိုင်ဖွယ်ရှိ


မန္တလေး ၊ ၃၀-၁၀-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ၏ တက္ကသိုလ်ဝင် စာမေးပွဲ ၂ဝ၁၆ ခုနှစ် မတ်လတွင် ဖြေဆိုရန် လျာထား သတ်မှတ်ထားပြီး ဖြစ်သော်လည်း ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝ ဘေးအန္တရာယ် များကြုံတွေ့ ခဲ့ရသော ဒေသများရှိ ကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲကို လျာထားရက်ထက် နောက်ကျ၍ ပြုလုပ်သွား နိုင်ဖွယ် ရှိသည်ဟု မြန်မာနိုင်ငံ စာစစ်ဌာန မှ သိရသည်။

ယခု ပညာသင်နှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသော ဒေသများရှိ အခြေခံပညာ ကျောင်းများ ပိတ်ထားရမှု များကြောင့် သင်ခန်းစာ သင်ကြားခြင်း ပြီးဆုံးမှု မရှိနိုင်ခြင်းကို ထည့်သွင်း စဉ်းစားကြရ သဖြင့် ၄င်းဒေသများတွင် တက္ကသိုလ်ဝင် စာမေးပွဲကို လျာထားရက်ထက် နောက်ကျ၍ ပြုလုပ်နိုင်ဖွယ် ရှိကြောင်း၊ အဆိုပါ ဒေသများ အားလုံးရှိ အခြေခံပညာ ကျောင်းများတွင် သင်ခန်းစာများ ပြီးပြည့်စုံအောင် သင်ကြား နိုင်ခြင်းရှိ၊ မရှိနှင့် လျာထားသော စာမေးပွဲရက်များ အတိုင်း ဆောင်ရွက်ရန် သင့်၊ မသင့်၊ မသင့်ပါက မည်သည့် နေ့ရက်များတွင် စစ်ဆေးသင့် သည်ကို အကြံပြုနိုင်ရန် အခြေခံပညာ ဦးစီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူး များထံသို့ ပေးပို့ ထားသည်ဟု သိရသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ဘုန်တော်ကြီးသင် ကျောင်းများ အပါအဝင် နိုင်ငံတစ်ဝန်း လုံးရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူ ဦးရေမှာ မူလတန်း အဆင့် ၅၇ သိန်းကျော်၊ အလယ်တန်း အဆင့် ၂၈ သိန်းကျော်၊ အထက်တန်း အဆင့် ရှစ်သိန်းကျော် အထိရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲကို လာမည့် ၂ဝ၁၆ ခုနှစ် မတ် ၉ ရက်မှ ၁၈ ရက်ထိ ကျင်းပရန် လျာထားကြောင်း သိရသည်။ (၁၇၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger