www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 30, 2015

ကုမ္ပဏီပေါင်း ၁၀၀ ကျော်ပါဝင်သည့် ဆောက်လုပ်ရေးပစ္စည်းပြပွဲ ကျင်းပမည်


မန္တလေး ၊ ၃၀-၁၀-၂၀၁၅

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (မန္တလေးတိုင်း ဒေသကြီး) နှင့် စင်ကာပူ နိုင်ငံ Sphere Exhibits Pte, Ltd တို့ ပူးပေါင်း၍ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် နိုင်ငံတို့ရှိ ကုမ္ပဏီပေါင်း ၁ဝဝ ကျော်က ဆောက်လုပ်ရေး ဆိုင်ရာ ပစ္စည်းများ ပြပွဲကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်မှ ၂၂ ရက်ထိ မန္တလေး မြို့တော်ခန်းမ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

''မကြာမီ AEC ကာလကို ရောက်ရင် မန္တလေးမြို့က ကုန်သွယ်မှု လမ်းကြောင်းက အချက်အခြာ ကျတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ အခြေခံ အဆောက်အအုံ တွေ အများကြီး လိုအပ် လာပါလိမ့်မယ်။ ဒါကြောင့် အခုအချိန်က စပြီး ကမ္ဘာအဆင့်မီ ဆောက်လုပ်ရေး ပစ္စည်းတွေ အသုံးပြုလာမှာ ဖြစ်လို့ ကျွန်တော်တို့ Sphere ကုမ္ပဏီက နိုင်ငံပေါင်း များစွာမှာ ရှိတဲ့ ကုမ္ပဏီ ၁ဝဝ ကျော်နဲ့ ချိတ်ဆက်ပြီး မန္တလေး MECA အသင်းနဲ့ ချိတ်ဆက်ကာ ဆောက်လုပ်ရေး ပစ္စည်းတွေကို ပြသရောင်းချ သွားမှာ ဖြစ်ပါတယ်။ မန္တလေးမှာ ဒီပွဲဟာ ဆောက်လုပ်ရေး ပစ္စည်း အများဆုံး ပါဝင်ပြသတဲ့ ပွဲဖြစ်မှာပါ''ဟု Sphere ကုမ္ပဏီ၏ ကိုယ်စားလှယ် ဖြစ်သူ APEX PARTERS Co., Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဦးအောင်ပြည့်ဖြိုး က ပြောပြ၍ သိရသည်။

အဆိုပါပြပွဲ ဖြစ်မြောက်ရေး အတွက် Sphere ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးနှင့် APEX PARTNERS Co., Ltd  မှ ဦးအောင်ပြည့်ဖြိုး တို့သည် အောက်တိုဘာ ၂၇ ရက် နံနက်က မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း MECA သို့ တာဝန်ရှိ သူများနှင့် လာရောက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger