www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 27, 2015

B.Sc(Sports) ဖြင့်ဘွဲ့ ရရှိပြီးပါက အခြေခံပညာ ကျောင်းများတွင် အားကစားနှင့် ကာယနည်းပြ ဆရာ ဆရာမများအဖြစ် အမှုထမ်းနိုင်မည်


ရန်ကုန် ၊ ၂၇-၈-၂ဝ၁၅

အားကစား အထူးပြု ဘာသာရပ် ဘွဲ့ကြို သင်တန်းများတွင် တက်ရောက် နေကြသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် B.Sc(Sports) အားကစားဘွဲ့ ရရှိပြီးသော အခါ မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာ ကျောင်းများတွင် အားကစားနှင့် ကာယနည်းပြ ဆရာ၊ ဆရာမ များအဖြစ် အမှုထမ်း လိုပါက သက်ဆိုင်ရာမှ ခန့်အပ်သွားရန် အစီအစဉ် ရှိကြောင်း အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် အခြေခံပညာ ကျောင်းများ၌ အမှုထမ်း နေကြသော အားကစားနှင့် ကာယနည်းပြ ဆရာ၊ ဆရာမ များသည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိကြ ပြီးနောက် အားကစား မွမ်းမံသင်တန်း များကို တက်ရောက် ခဲ့ကြသူ များဖြစ်ပြီး မကြာမီ B.Sc(Sports) အားကစားဘွဲ့ ရရှိသူများ ထွက်ပေါ် လာသော အခါတွင် စိတ်ပါဝင်စား သူများကို အားကစား နှင့် ကာယနည်းပြ ဆရာ၊ ဆရာမ ရာထူးများ ပေး၍ ခန့်အပ် သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

ထို့အပြင် ၄င်းတို့၏ အရည်အချင်း ပေါ်မူတည်၍ အားကစား အသင်းများတွင် အုပ်ချုပ်ရေးပိုင်း နှင့် နည်းပြပိုင်းကို တာဝန်ယူ ရသော အားကစား နည်းပြများ အဖြစ် ခန့်အပ်ခံ ရနိုင်သော အခွင့်အလမ်း များလည်း ရှိကြောင်း၊ အားကစား တက္ကသိုလ်များ သီးသန့် ပေါ်ပေါက် လာသောအခါ တွင်လည်း အဆိုပါ တက္ကသိုလ် များတွင် အားကစား အထူးပြု ဘာသာရပ် နည်းပြဆရာ၊ ဆရာမများ အဖြစ် ပြန်လည် တာဝန် ထမ်းဆောင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

အားကစား အထူးပြု ဘာသာရပ် ဘွဲ့သင်တန်း များကို ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ် တို့တွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ လေးနှစ် တက်ရောက် ရမည် ဖြစ်သည်။ သင်တန်းကာလ လေးနှစ် တက်ရောက်ပြီး ပါက နိုင်ငံတော်မှပေးအပ် ချီးမြှင့်မည့် B.Sc(Sports) အားကစားဘွဲ့ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger