www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 27, 2015

ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး မြန်မာနိုင်ငံ ဗိသုကာအသင်း မှ အဆောက်အအုံ ဒီဇိုင်းများ လှူဒါန်းမည်


ရန်ကုန် ၊ ၂၇-၈-၂၀၁၅

ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး နှင့် သဘာဝဘေး အန္တရာယ်များ ကြိုတင် ကာကွယ် ခိုလှုံနိုင်ရန် သဘာဝဘေး အန္တရာယ်များ ကြိုတင်ကာကွယ် နိုင်မည့် အဆောက်အအုံ ဒီဇိုင်းများကို မြန်မာနိုင်ငံ ဗိသုကာ အသင်း (Association of Myanmar Architects- AMA) မှ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် AMA သည် ဗိသုကာ ပညာရှင်များ ထံမှ သဘာဝဘေး အန္တရာယ် ကျရောက်သည့် ဒေသများ၌ ပြန်လည် ထူထောင်ရေး နှင့် ကြိုတင် ကာကွယ် ခိုလှုံနိုင်ရေး သင့်လျော်သည့် ဒီဇိုင်းများကို ပေးပို့လှူဒါန်း ရန် ဖိတ်ခေါ်ထားပြီး ပေးပို့ထားသည့် ဒီဇိုင်း အဆောက်အအုံများ ကို AMA မှ ကူညီစိစစ် အကြံပြု ပေးသွားမည် ဖြစ်၍ ရေဘေးသင့် ဒေသများသို့ တစ်ဆင့်လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

AMA အသင်းသည် ရေဘေးသင့် ဒသများထံသို့ သဘာဝဘေး အန္တရာယ် ဒဏ်ခံနိုင်သည့် ကြိုတင်ကာကွယ် အဆောက်အအုံ များဖြစ်သော စာသင်ကျောင်း၊ ဆေးခန်း၊ ဘုန်းကြီးကျောင်း နှင့် နေအိမ်စသည့် ဒီဇိုင်းများကို တစ်ဆင့်လှူဒါန်း ပေးသွားမည် ဖြစ်ပြီး ဗိသုကာ ပညာရှင်များ ပေးပို့လှူဒါန်း လာသည့် ဒီဇိုင်းများကို AMA အသင်းမှ အချိန်တို အတွင်း Design Donation Catalogue ပြုလုပ် လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆောက်အအုံ လှူဒါန်းလိုသူ အလှူရှင် များအား ဗိသုကာ ပညာရှင်များနှင့် တိုက်ရိုက် ချိတ်ဆက် ပေးကာ အသင်းမှ လိုအပ်သည် များကို ကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger