www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 31, 2015

ဒီးဒုတ်ရေပြာစမ်း နှင့် ဒီးဒုတ်လိုဏ်ဂူ ကို အဆင့်မြင့် လူထုအပန်းဖြေစခန်း ပြုလုပ်မည်


ပြင်ဦးလွင် ၊ ၃၁-၈-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် ပြင်ဦးလွင် မြို့နယ် ရွှေပင်ရွာနှင့် မကျည်းအင်း ကျေးရွာ အကြားရှိ ဒီးဒုတ် ရေပြာစမ်း နှင့် ဒီးဒုတ် လိုဏ်ဂူကို အဆင့်မြင့် လူထု အပန်းဖြေစခန်း ပြုလုပ်ရန် ကျပ်သိန်းပေါင်း တစ်သောင်း ခန့် အကုန်အကျ ခံမည် ဖြစ်ကြောင်း ဒီးဒုတ် ရေပြာစမ်း နှင့် ဒီးဒုတ် လိုဏ်ဂူတော် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။

အဆိုပါ နေရာကို လူထု အပန်းဖြေစခန်း ပြုလုပ်ရန် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို ၂ဝ၁၅ ခုနှစ် မေ ၁၇ ရက်တွင် အဖွဲ့ဝင် ၅၇ ဦးဖြင့် စတင်ဖွဲ့စည်း ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ဇွန် ၁၉ ရက်တွင် တရားဝင်ခွင့်ပြု ပေးခဲ့ကာ လာရောက် အပန်းဖြေသူများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရန် တောင်အတက် အဆင်းလမ်း များနှင့် သဘာဝ ရေပြာအိုင် များကို ပြုပြင်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီ တချို့က ဒေသခံများနှင့် အကျိုးတူ ပူးပေါင်းရန် ကမ်းလှမ်းမှုများ ရှိသော်လည်း လက်ခံသွားမည် မဟုတ်ဘဲ ဒေသခံများမှ ဦးဆောင်၍ လူထု အပန်းဖြေ စခန်းကို ပြုလုပ်သွားမည် ဖြစ်သည်။ အဆင့်မြင့် အပန်းဖြေ စခန်း ပြုလုပ်ပြီးပါက ဒေသခံများ အနေဖြင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ၅ ရာခိုင်နှုန်း အခွန်ပေးဆောင် သွားမည် ဖြစ်ပြီး အဆိုပါ အပန်းဖြေ စခန်းပြုလုပ် မည့် အသေးစိတ် အချက်အလက် များကို စက်တင်ဘာ ၅ ရက်တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ထံ တင်ပြသွားမည် ဖြစ်သည်။

''အခုဆို ပြည်တွင်း အပန်းဖြေ သူတွေသာ မကဘူး နိုင်ငံခြား ခရီးသွား ဧည့်သည်တွေပါ လာရောက် အပန်းဖြေ ကြတယ်။ ဒါ့အပြင် တစ်နှစ်ထက် တစ်နှစ်လည်း အလုပ်အကိုင် အခွင့်အလမ်း တွေ ပိုပိုပြီး တိုးတက်လာတယ်။  အဆင့်မြင့် လူထု အပန်းဖြေ စခန်း ပြီးသွားရင်တော့ ဒီထက် စည်ကား လာမှာပါ'' ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ရေပြာအိုင် များနှင့် သဘာဝ လိုဏ်ဂူသို့ နေ့စဉ်လာရောက် အပန်းဖြေသူ ၁ဝဝ ကျော်ရှိပြီး အခါကြီးရက်ကြီး များတွင် လာရောက် အပန်းဖြေသူ သောင်းချီ ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger