www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 3, 2015

အခြေခံပညာကျောင်းများတွင် ကျောင်းသားနှင့် ဆရာအချိုး မညီမျှမှုသည် အနာဂတ်ပညာရေးကဏ္ဍ အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ


မန္တလေး ၊ ၃-၄-၂၀၁၅

အခြေခံပညာ ကျောင်းများတွင် ကျောင်းသားနှင့် ဆရာ အချိုးမညီမျှ မှုကြောင့် သင်ကြားရာတွင် အခက်အခဲ ရှိပြီး ထိုသို့ဖြစ်ပေါ် နေရခြင်းမှာ ပညာရေး ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်လိုသူ ဆရာ၊ ဆရာမများ လျော့နည်း လာခြင်းနှင့် သက်ဆိုင် နေကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး မှသိရသည်။

ပညာရေး ဝန်ကြီးဌာနက ကျောင်းသားနှင့် ဆရာအချိုးကို အထက်တန်း ကျောင်းများတွင် ၁း၂ဝမှ ၁း၃ဝ၊ အလယ်တန်းကျောင်း များတွင် ၁း၂၂ မှ ၁း၃၄၊ မူလတန်းကျောင်း များတွင် ၁း၃၂ မှ ၁း၄၄ ထိ ရှိရမည်ဟု သတ်မှတ် ထားသော်လည်း အခြေခံပညာ ကျောင်းများတွင် ကျောင်းသားနှင့် ဆရာအချိုး မညီမျှမှုများ ရှိနေဆဲပင် ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ် နေရခြင်းမှာ ဆရာ၊ ဆရာမအဖြစ် တာဝန် ထမ်းဆောင်လို သူများ ယခင်ကထက် လျော့နည်း လာခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လျော့နည်း လာမှုသည် အနာဂတ် ပညာရေးကဏ္ဍ အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်း အခြေခံပညာ ကျောင်းပေါင်း ၄ဝ၉၁ ကျောင်းရှိပြီး ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တွင် အထက်တန်း ပညာရေး အတွက် ၁း၂၇၊ အလယ်တန်း ပညာရေး အတွက် ၁း၃၆၊ မူလတန်း ပညာရေး အတွက် ၁း၂၃ ထိ ပညာရေး ဝန်ကြီးဌာနက ဖြည့်တင်းပေး နိုင်ခဲ့သော်လည်း အလယ်တန်း အဆင့်သည် ကျောင်းသားနှင့် ဆရာ အချိုးမညီမျှမှု အများဆုံး ဖြစ်ကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အတွက် ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများကို နေ့စားလပေး များ ခန့်အပ်၍ ဖြည့်တင်းပေး ခဲ့ကြောင်း၊ နေ့စားလပေး များတွင် ရိုးရိုးဘွဲ့ရ သူများအပြင် မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ ဘွဲ့ရသူများပါ ပါရှိလာမှုကြောင့် ပညာရေးကဏ္ဍ အတွက် အားရစရာ ကောင်းသော်လည်း ထိုသူများ အတွင်းမှ အလယ်တန်းပြ အဖြစ် တိုးမြှင့်ပေး နိုင်ရန် လျှောက်ထားလာမှု ရှိမှသာလျှင် တိုးမြှင့်ခန့်အပ် ပေးနိုင်မည် ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် အခြေခံပညာ ကျောင်းများ၏ ကျောင်းသားနှင့် ဆရာ အချိုးမညီမျှမှု မြင့်မားသည့် အလယ်တန်း အဆင့်အတွက် ၁း၃ဝ ထိ ရောက်ရှိအောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (၁၇၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger