www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 30, 2014

B.Sc(Sports) ဘွဲ့ရရှိပြီးပါက အားကစား နှင့် ကာယနည်းပြ ဆရာ ဆရာမများအဖြစ် ခန့်အပ်မည်


ရန်ကုန် ၊ ၃၀-၁၂-၂၀၁၄

မြန်မာနိုင်ငံရှိ တက္ကသိုလ် အချို့၌ စတင်ဖွင့်လှစ် သင်ကြားပို့ချ ပေးနေပြီ ဖြစ်သော အားကစားအထူးပြု ဘာသာရပ် ဘွဲ့ကြို သင်တန်းများ၌ တက်ရောက် နေကြသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် B.Sc(Sport)အားကစားဘွဲ့ ရရှိပြီးသော အခါ မြန်မာနိုင်ငံ  တစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ၌ အားကစားနှင့် ကာယနည်းပြ ဆရာ၊ ဆရာမများ အဖြစ် အမှုထမ်း လိုပါက သက်ဆိုင်ရာမှ ခန့်အပ်သွားရန် အစီအစဉ် ရှိကြောင်းအားကစား ဝန်ကြီးဌာန အားကစား နှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

ယခုလက်ရှိတွင် အခြေခံပညာ ကျောင်းများ၌ အမှုထမ်း နေကြသော အားကစားနှင့် ကာယနည်းပြ ဆရာ၊ ဆရာမများသည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိကြ ပြီးနောက် အားကစားမွမ်းမံ သင်တန်းများကို တက်ရောက်ခဲ့ကြသူများ ဖြစ်ပြီး မကြာမီ B.Sc(Sport) အားကစား ဘွဲ့ရများ ထွက်ပေါ် လာသည့်အခါ စိတ်ပါဝင်စား သူများကို အလားတူ အားကစားနှင့် ကာယနည်းပြ ဆရာ၊ ဆရာမ ရာထူးနေရာများ ပေး၍ ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၄င်းတို့၏ အရည်အချင်း အပေါ် မူတည်၍ အားကစားအသင်း များ၌ အုပ်ချုပ်ရေးပိုင်း နှင့် နည်းပြပိုင်းကို တာဝန်ယူ ရသော အားကစား နည်းပြများ အဖြစ် ခန့်အပ်ခံ ရနိုင်သော အခွင့်အလမ်းများ ရှိကြောင်း၊ အားကစား တက္ကသိုလ်များ သီးသန့် ပေါ်ပေါက် လာသော အခါတွင် အဆိုပါ တက္ကသိုလ်များ၌ အားကစား အထူးပြု ဘာသာရပ် နည်းပြဆရာ၊ ဆရာမများ အဖြစ် ပြန်လည် တာဝန် ထမ်းဆောင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

အားကစား အထူးပြု ဘာသာရပ်ဘွဲ့ သင်တန်းများကို ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ် တို့၌ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ လေးနှစ် တက်ရောက်ရမည် ဖြစ်သည်။ 

အဆိုပါ သင်တန်းကာလ လေးနှစ်ကို အောင်မြင်စွာ တက်ရောက်ပြီးစီး ပါက နိုင်ငံတော်မှ ပေးအပ် ချီးမြှင့်မည့် B.Sc(Sport) အားကစားဘွဲ့ကို ရရှိမည်ဖြစ်ပြီး ၄င်းဘွဲ့ သင်တန်းကို အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သင်ကြားပို့ချသော ဘာသာရပ်များမှာ Sports Science ၊ Sports Administration ၊ Sports Psychology နှင့် Athletics စသည့် ဘာသာရပ်များ အပါအဝင် ဘာသာရပ် ၁၅ခုကို တက္ကသိုလ်များမှ နည်းပြဆရာ၊ ဆရာမများက သင်ကြားပေးလျက် ရှိသည့်အပြင် အိုလံပစ် အားကစားနည်း ခြောက်မျိုး ကိုလည်း သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များမှ နည်းပြ များက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger