www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 24, 2014

Animation Contest for ASEAN 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကွန်ပျူတာ ပညာရှင်များ ၀င်ရောက် ယှဉ်ပြိုင်မည်



ရန်ကုန် ၊ ၂၄-၄-၂၀၁၄

အာဆီယံ ဒေသအတွင်း နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် တစ်ရပ် အနေဖြင့် ကျင်းပမည် ဖြစ်သော Animation Contest for ASEAN 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ ကွန်ပျူတာ ပညာရှင်များ ၊ Animation ကျွမ်းကျင်သူများ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မှ သိရသည်။

အာဆီယံ နိုင်ငံပေါင်းစုံ မှ ပါဝင် ယှဉ်ပြိုင်ကြမည့် အဆိုပါ Animation ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှလည်း ၀င်ရောက် ယှဉ်ပြိုင်နိုင်မည့် ပြိုင်ပွဲဝင် ကျွမ်းကျင် ပညာရှင် များကို ရွေးချယ်ရန် အတွက် Animation ဆိုင်ရာ ကျွမ်းကျင်သော ပညာရှင်များ ၊ ကွန်ပျူတာ ကျောင်းသား ၊ ကျောင်းသူများ နှင့် အပျော်တမ်း ၀ါသနာရှင် များကို တစ်ဦးချင်း ဖြစ်စေ ၊ အဖွဲ့လိုက် ဖြစ်စေ ၊ ၀င်ရောက် ယှဉ်ပြိုင်ကြရန် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။

ပြိုင်ပွဲ ခေါင်းစဉ်မှာ " Increase Copyright Awareness " ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများသည် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန နှင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် တို့တွင် စုံစမ်း မေးမြန်း နိုင်ကြောင်း ၊ ပြိုင်ပွဲဝင် များ၏ ဖန်တီး ပြုလုပ်ချက် များကို မေလ ၂၅ ရက်မှ စတင်ကာ ဇွန်လ ၁၀ ရက်အထိ နောက်ဆုံးထား၍ ပေးပို့ ရမည် ဖြစ်သည်။

ရွေးချယ်ခံ ရသူများ စာရင်းကို ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ( လှော်ကား ) ၌ ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် Animation Contest for ASEAN 2014 ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ သိရှိလိုပါက www.aseananimationcontest.com တွင်လည်း လေ့လာ နိုင်ကြောင်း သိရှိရသည်။

ဆောင်းဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger