www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 23, 2013

ဆီးဂိမ်းအကြို လှုံ့ဆော်ရေးပွဲသို့ ပြည်ပဂီတအဖွဲ့များ လာရောက် ဖျော်ဖြေမည်



ရန်ကုန် ၊ ၂၃-၆-၂၀၁၃

ကနေဒါ ၊ ဂျာမဏီ ၊ ထိုင်းနိုင်ငံ စသည့် ပြည်ပ နိုင်ငံများမှ ဂီတအဖွဲ့များ ဖျော်ဖြေမည့် ဆီးဂိမ်းပြိုင်ပွဲ အကြုံ လှုံ့ဆော်ရေး ဖျော်ဖြေပွဲကို လာမည့် သြဂုတ်လတွင် လန်ဒန်မြို့ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် လာရောက် ဖျော်ဖြေရန် ပြည်ပဂီတအဖွဲ့ များက ကမ်းလှမ်း ခဲ့ခြင်းဖြစ်ပြီး မြန်မာ အနုပညာရှင် များနှင့် ပူးပေါင်း ဖျော်ဖြေရန် စီစဉ်ထားကြောင်း ADMA မီဒီယာ ဒုတိယ ဥက္ကဋ္ဌ ဦးဝေမင်းမောင် မှ ပြောကြား သည်။

နှစ်ပေါင်း ၄၄ အကြာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအကြို လှုံ့ဆော်ရေး ဖျော်ဖြေပွဲ များကို ပြီးခဲ့သည့် လပိုင်း အတွင်းက လန်ဒန်မြို့ နှင့် ပြင်ဦးလွင် မြို့များတွင် ပြုလုပ် ကျင်းပခဲ့သည်။ ပြည်ပ နိုင်ငံမှ ဂီတ အဖွဲ့သားများ လာရောက် ဖျော်ဖြေမည့် အဆိုပါ ဖျော်ဖြေပွဲကို ပြည်သူ့ဥယျာဉ် ၌ ကျင်းပရန် စီစဉ် နေကြောင်းကို ADMA မီဒီယာ ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြား သည်။

(၂)နှစ် တစ်ကြိမ် ကျင်းပသည့် ဒေသတွင်း အဆင့် အမြင့်ဆုံး အားကစား ပြိုင်ပွဲအပေါ် ပြည်သူများ၏ စိတ်ဝင်စားမှု အနေအထားမှာ လျော့နည်း နေဆဲ ဖြစ်ကြောင်း လေ့လာသူ များက ပြောသည်။ ယခု လာရောက် ဖျော်ဖြေပေးမည့် ပြည်ပ ဂီတ အဖွဲ့များကို အခမဲ့ ကြည့်ရှုခွင့် ရရှိမှ ဖြစ်ကြောင်း ဆီးဂိမ်း အကြို လှုံ့ဆော်ရေး အစီအစဉ် များကိုလည်း ပြိုင်ပွဲ မစတင်မီ ဒီဇင်ဘာလ အထိ စီစဉ်သွားမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger