www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 29, 2013

တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသည် တစ်ဦးသေဆုံး ခြောက်ဦးဒဏ်ရာရ



တောင်ကုတ် ၊ ၂၉-၄-၂၀၁၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ မှ ၂၈ မိုင် ၅ ဖာလုံ အကွာ ကျောင်းကုန်း ကျေးရွာ အနီး ကျင်းချောင်း တံတား ၊ တံတား အမှတ် (၅/၂၈) နေရာ၌ ယမန်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်က ယာဉ်တစ်စီး တံတား ညာဘက် သံပေါင်ကို ၀င်တိုက်မိပြီး လမ်းဘေးသို့ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်က ရမ်းဗြဲ မှ သံတွဲမြို့သို့ ထွက်ခွာ လာသော ယာဉ်မောင်း ဦးသန်းဘို ၃၁ နှစ် (ဘ) ဦးဘလူအောင် ( အမှတ် ၄ ရပ်ကွက် ၊ အောင်ဆိပ်ရပ် ၊ ရမ်းဗြဲမြို့ နေသူ ) မောင်းနှင် လာသော Canter အမျိုးအစား ယာဉ်သည် ခရီးသည် အမျိုးသား ၈ ဦး ၊ အမျိုးသမီး ၉ ဦး တင်ဆောင် မောင်းနှင် လာခဲ့ရာ ကျင်းချောင်း တံတား နေရာ အရောက်၌ အရှိန် မထိန်းနိုင်ဘဲ တံတား ညာဘက် သံပေါင်အား ၀င်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည် ဦးတင်လှိုင် ၃၅ နှစ် (ဘ) ဦးဖိုးကြည် ( အမှတ် ၆ ရပ်ကွက် ၊ ရမ်းဗြဲမြို့ နေသူ ) မှာ ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာဖြင့် သေဆုံး ခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၆ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ၊ ဒဏ်ရာရ ခရီးသည် များအား ရွှေလှေ တိုက်နယ် ဆေးရုံသို့ ယမန်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်က ပို့ဆောင် ပေးခဲ့ပြီး ယာဉ်မောင်း ဦးသန်းဘို အား ရွှေလှေ ရဲစခန်း က လုပ်ထုံး လုပ်နည်း နှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger