www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 29, 2013

4th Karatedo Japan Cup Championship 2013 ဖွင့်ပွဲကျင်းပ


ရန်ကုန် ၊ ၂၉-၃-၂၀၁၃

မြန်မာ - ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး ကို ရှေးရှု၍ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး နှင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော 4th Karatedo Japan Cup Championship 2013 ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ အောင်ဆန်း အားကစား ပြိုင်ဝင်း အတွင်းရှိ မိုးလုံလေလုံ အားကစား ပြိုင်ပွဲရုံ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံရုံးမှ Counselor Mr. Hisanaga Tomioka က 4th Karatedo Japan Cup Championship 2013 ပြိုင်ပွဲအား အဖွင့် အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ၀င်းဇော် က မြန်မာ - ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး ကို ရှေ့ရှု၍ ဂျပန်နိုင်ငံ၏ ကရာတေး ပညာရှင်များ ပါဝင်ကာ မြန်မာနိုင်ငံ တွင် ကရာတေးဒို ပြိုင်ပွဲများကို ကျင်းပ ရခြင်း အပေါ် များစွာ ဂုဏ်ယူ ၀မ်းမြောက်ကြောင်း တို့နှင့် စပ်လျဉ်း၍ ကျေးဇူးတင် စကား ပြန်လည် ပြောကြား သည်။ ယင်းနောက် Counselor Mr. Hisanaga Tomioka နှင့်တာဝန်ရှိ သူများက ပြိုင်ပွဲကွင်း အတွင်းရှိ ပြိုင်ပွဲဝင် အားကစား သမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ၀န်ကြီးဌာန ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ကိုယ်စားပြု အသင်းများ ၊ ကရာတေး ကလပ် အသင်းများ အပါအ၀င် စုစုပေါင်း ၁၄ သင်း ပါဝင်ပြီး ပြိုင်ပွဲဝင် ဦးရေ ၂၁၉ ဦး ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger