www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2013

သတင်းစာပညာ စာအုပ်ပြပွဲကျင်းပမည်

ရန်ကုန် ၊ ၁၈-၂-၂၀၁၃

သတင်းစာ ပညာဆိုင်ရာ စာအုပ်ပြပွဲ ကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ရှိ အမေရိကန် စင်တာတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် သတင်း ရေးသားနည်း ၊ တည်းဖြတ်နည်း ၊ ဒီဇိုင်း ရေးဆွဲနည်း ၊ သတင်းကျင့်ဝတ် ၊ သတင်း အတတ်ပညာ နှင့် သတင်း တင်ပြနည်း စသည်တို့ ပါဝင်သည့် စာအုပ်ပေါင်း ၉၀၀၀ ကျော်ကို ပြည်ပမှ ၀ယ်ယူကာ ပြသသွားမည် ဖြစ်ကြောင်း အမေရိကန် စင်တာ မှ သိရသည်။  ပြပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး နှင့် The Voice Weekly အယ်ဒီတာချုပ် ဖြစ်သူ ဦးကျော်မင်းဆွေ က " အပြောင်းအလဲ ကာလ မီဒီယာ ၏ အခန်းကဏ္ဍ " ခေါင်းစဉ်ဖြင့် စာပေ ဟောပြောမည် ဖြစ်ကြောင်း လည်း သိရသည်။ သတင်းစာ ပညာ စာအုပ်ပြပွဲသို့ မည်သူမဆို အခမဲ့ ၀င်ရောက် ကြည့်ရှု လေ့လာ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger