www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2013

လွယ်အိတ်ပရဟိတ အသင်း စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပမည်


ရန်ကုန် ၊ ၁၈-၂-၂၀၁၃

လွယ်အိတ် ပရဟိတ အသင်း၏ စတုတ္ထ အကြိမ်မြောက် စုပေါင်း သွေးလှူဒါန်း ပွဲကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့ ၊ အင်းစိန် ဆေးရုံကြီး၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ လွယ်အိတ် ပရဟိတ အသင်းကို ၂၀၁၀ ခုနှစ်က စတင် တည်ထောင် ခဲ့ပြီး ယခုအခါ အသင်းဝင် အင်အား ၁၀၀၀၀ ကျော် အထိ ရှိနေပြီ ဖြစ်သည်။ အသင်း၏ ရည်ရွယ်ချက် မှာ ဆင်းရဲ ချို့တဲ့ သူများ ၊ သက်ကြီး ရွယ်အိုများ ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း များနှင့် မိဘမဲ့ ဂေဟာများအား ကူညီ ထောက်ပံ့ပေးရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်း ပွဲတွင် အသင်းဝင် များအပြင် မည်သူမဆို ပါဝင် လှူဒါန်း နိုင်ပြီး ယင်း သွေးလှူဒါန်း သူများကို အဟာရ ဒါန ကျွေးမွေးမည် ဖြစ်၍ လှူဒါန်း လိုပါက ဖုန်း ၀၉- ၇၃၂၁ ၃၉၅၁ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။ သွေးလှူဒါန်း လိုသူများသည် သွေးလှူပုံစံကို တာမွေ မြို့နယ် ၊ ကျောက်မြောင်း ရပ်ကွက် ၊ သတိပဌာန် လမ်းရှိ ရတနာမိုး မိတ္တူဆိုင် တွင် လာရောက် ထုတ်ယူ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger