www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 16, 2013

သိန်းသန်းဌေး-၂ ရေယာဉ် နစ်မြှုပ်

ဘူးသီးတောင် ၊ ၁၆-၂-၂၀၁၃

စစ်တွေမြို့မှ ဘူးသီးတောင် မြို့သို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကုန်မျိုးစုံ တန် ၄၀ တင်ဆောင်ကာ ရေယာဉ်အုပ် ဦးတင်ဝင်း မောင်းနှင် လာသော အလျား ၆၁ ပေ ၊ အနံ ၃၂ ပေ ၊ စောက်အမြင့် ၇ ပေ ရှိ သိန်းသန်းဌေး -၂ ရေယာဉ်သည် အဆိုပါနေ့ ည ၁၂ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နှင့် ရေမိုင် ၁ မိုင် အကွာရှိ ရွက်ညိုတောင် မြောက်ရွာ ၊ ပန်ဇင်းချောင်း အတွင်း ဒုတိယ ကမ္ဘာ စစ်အတွင်းက နစ်မြှုပ်လျက် ရှိသော သင်္ဘောပျက် အား ၀င်တိုက် မိသဖြင့် သိန်းသန်းဌေး -၂ ရေယာဉ် ၀မ်းဗိုက် ပေါက်ကာ နစ်မြှုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သိန်းသန်းဌေး -၂ ရေယာဉ် ပေါ်တွင် စစ်တွေမြို့ ၊ ကုန်တန်း ရပ်ကွက်နေ ဦးမောင်ချေ (၄၈)နှစ်ပိုင် ရေယာဉ် ဖြစ်ပြီး ရေယာဉ်ပေါ် တွင် ရေယာဉ်အုပ် အပါအ၀င် ရေလုပ်သား ၆ ဦး ပါရှိကာ ရေယာဉ် နစ်လျှင် နစ်ချင်း ရေယာဉ်ပေါ်ပါ ပစ္စည်းများအား ရွာသားများဖြင့် ၀ိုင်းဝန်း သယ်ဆောင် ခဲ့သော်လည်း ကုန်ပစ္စည်း များအနက်မှ ရေစိုပျက်စီး ခဲ့သည့် ကုန်ပစ္စည်း မျိုးစုံ၏ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ၄၀ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger