www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 16, 2013

စစ်တွေဈေးကွက်သို့ နယ်စပ်မှ သွပ်ရေအိုး ရေတဂေါင်းများ ၀င်ရောက်


စစ်တွေ ၊ ၁၆-၂-၂၀၁၃

ရေခပ် ရေသယ်ရာတွင် အသုံးပြုရ လွယ်ကူသည့် သွပ်ရေခွက်ပါ ရေတဂေါင်းများ စစ်တွေ ဈေးကွက်သို့ အများအပြား ၀င်ရောက်လျက် ရှိကြောင်း သိရသည်။ အရွယ်အစား အနေဖြင့် ၃ မျိုး ၀င်ရောက်ပြီး ၁၃ လက်မ ဆိုဒ်အကြီး တစ်လုံးလျှင် လက်ကားဈေး ကျပ် ၃၂၀၀ နှင့် လက်လီဈေး ကျပ် ၃၇၀၀ ၊ ၁၂ လက်မခွဲ အလတ် လက်ကားဈေး ကျပ် ၂၆၀၀ နှင့် လက်လီဈေး ကျပ် ၃၀၀၀ ၊ ၁၂ လက်မ အသေး လက်ကားဈေး ကျပ် ၂၃၀၀ နှင့် လက်လီဈေး ကျပ် ၂၅၀၀ ဈေးနှုန်းများ ဖြင့် စစ်တွေ ဈေးကွက်တွင် အရောင်းသွတ် လျက်ရှိကြောင်း သိရသည်။

သွပ်ရေအိုး ၊ သွပ်ရေခွက် များမှာ တာရှည် အသုံးခံခြင်း ၊ ပေါ့ပါးခြင်း တို့ကြောင့် လူကြိုက် များပြီး အိမ်သုံး ပစ္စည်းအဖြစ် ကျေးလက် နှင့် မြို့ပြ ဒေသများရှိ နေအိမ် များတွင် အသုံးပြု ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger