www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2012

တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်



ပဒဲကော ကျေးရွာတွင် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်စဉ်

နေပြည်တော် ၊ ၃၀-၁၁-၂၀၁၂

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်း တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ (၃)ဖွဲ့ဖြင့် ဒေသခံ ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက် ပေး လျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နယ်လှည့် ဆေးကုသရေး အဖွဲ့ (၁)မှ ကရင်ပြည်နယ် ၊ လိပ်သိုမြို့နယ်ခွဲ ၊ ဗဟုန်းကျေးရွာ တွင် အခြေပြု၍ ဗဟုန်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ (၄၆၁)ဦး ၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)မှ ပဲခူးတိုင်း ဒေသကြီး ၊ ကျောက်ကြီး မြို့နယ် ၊ ကျောင်းစုကျေးရွာ တွင် အခြေပြု၍ ကျောင်းစု ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များ မှ ဒေသခံ ပြည်သူ (၂၂၀) ဦးနှင့် နည်လှည့် ဆေးကုသရေး အဖွဲ့(၃)မှ ပဲခူးတိုင်း ဒေသကြီး ၊ ရွှေကျင်မြို့နယ် ၊ ပဒဲကော ကျေးရွာတွင် အခြေပြု၍ ပဒဲကော ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ (၂၅၇)ဦး ၊ စုစုပေါင်း ဒေသခံ ပြည်သူ (၉၃၈)ဦး တို့ကို ဆေးဝါး ကုသပေး ခဲ့ပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ (၇)ဦးအား တောင်ငူမြို့ နယ်မြေခံ တပ်မတော် ဆေးရုံသို့ ပြောင်းရွှေ့ ဆေးဝါးကုသ ပေးခဲ့ကြောင်း သိရသည်။

တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ အနေဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့် အပြင် ကျန်းမာရေး ပညာပေး သရုပ်ပြ လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger