www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 27, 2018

နှစ်ကူးကာလ နေရပ်ပြန်မြန်မာ အလုပ်သမားများအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတိပေးချက် ထုတ်ပြန်

နှစ်ကူးကာလ နေရပ်ပြန်မြန်မာ အလုပ်သမားများအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတိပေးချက် ထုတ်ပြန်
-
ကော့သောင်း ဒီဇင်ဘာ ၂၆ 
-
နှစ်သစ်ကူးကာလ မြန်မာနိုင်ငံသို့ ပြန်ကြမည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ငွေ ကြေးလဲလှယ်ရာတွင် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအတုများ လက်ခံမရရှိစေရေး အတု အစစ်ခွဲခြား သိရှိနိုင်မည့် နည်းလမ်းများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ယမန်နေ့က သတိပေး ထုတ်ပြန်ထားကြောင်း သိရသည်။ 
-
မြန်မာအလုပ်သမားများ အိမ်ပြန်တုံး (Reentry Visa)ကို လက်ရှိမိမိနေထိုင်ရာ မြို့နယ်များရှိ ထိုင်းနိုင်ငံ လ.ဝ.က ရုံးများ၌ သွားရောက်ပြုလုပ်နိုင်ပြီး လေဆိပ်အပါအဝင် မြန်မာ-ထိုင်း နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ်သည့် နယ်စပ်ဂိတ်များတွင် ပြုလုပ်နိုင်ကြောင်း၊ Re-entry Visa နေရပ်သို့ ပြန်ခဲ့မိပါက ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ တရား ဝင်လမ်းကြောင်းများမှတစ်ဆင့် နေရပ်သို့ ပြန်နိုင်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။ 
-
နေရပ်ပြန်သည့် လမ်းခရီးတစ်လျှောက်တွင် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက သက် သေခံ စာရွက်စာတမ်းများ စစ်ဆေးရာတွင် အခက်အခဲမရှိ စစ်ဆေးခံနိုင်ရန် မိမိတို့၏ သက်သေခံစာရွက်စာတမ်းများကို ပြည်စုံစွာ ယူဆောင်သွားကြရန်နှင့် သက်သေခံ စာရွက် စာတမ်းများ လမ်းခရီးတွင် ပျောက်ဆုံးမှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်ကြရန် လိုအပ် သည်။ 
-
ထို့ပြင် နေရပ်ပြန် မြန်မာအလုပ်သမားများအနေဖြင့် အထူးဂရုပြုရမည့် အချက်တစ်ချက်အဖြစ် မိမိတို့ရရှိထားသည့် ခွင့်ကာလ သတ်မှတ်ရက်အတိုင်း လုပ်ငန်းခွင်များသို့ အချိန်မီ ပြန်လည် ၀င်ရောက်နိုင်ရေးသတိပြုကြရန်၊  အကူအညီလိုအပ်ပါက နယ်စပ်မြို့များရှိ အလုပ်သမား သံအရာရှိများထဲသို့ ဆက်သွယ်ခြင်း၊ Line ၊ Viber ဖြင့် အလုပ်သမား သံအရာရှိရုံး၏ Facebook စာမျက်နှာဖြစ်သည့် LA-Thailand Pageတို့မှတစ်ဆင့် ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း ထိုင်းနိုင်ငံတစ်ဝန်းမှ နှစ်သစ်ကူးအားလပ်ရက် မြန်မာနိုင်ငံသို့ပြန်ကြမယ့် အလုပ်သမားများ သိရှိနိုင်ရေး သတိပေးထုတ်ပြန် ကြညာထားကြောင်းသိရသည်။ 
-
ကျော်စိုး(ကော့သောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ


ရန်ကုန် ကွန်ဒို တိုက်ခန်းဈေးနှုန်းများ၂ဝ၁၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းခန့်ကျဆင်း

ရန်ကုန် ကွန်ဒို တိုက်ခန်းဈေးနှုန်းများ၂ဝ၁၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းခန့်ကျဆင်း
-
ရန်ကုန် ဒီဇင်ဘာ ၂၆ 
-
ရန်ကုန်အိမ်ခြံမြေ ဈေးကွက် အတွင်းရှိကွန်ဒို၊ တိုက်ခန်း ဈေးနှုန်းများသည် ၂ဝ၁၄ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများမှ သိရသည်။ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ကွန်ဒို၊ တိုက်ခန်းများကို စက်တင်ဘာလ နောက်ပိုင်းမှစ၍ ဝယ်လိုအား အနည်းငယ် ပြန်ရှိလာပြီး ဈေးကွက်ပြန်လည် ကောင်းမွန်လာသော်လည်း ဈေးနှုန်း ကျဆင်းနေကြောင်း၊ ယခင်က ငွေကျပ်သိန်း ၅ဝဝ ခန့်တန်ဖိုးရှိ တိုက်ခန်းများသည် လက်ရှိတွင် ငွေကျပ်သိန်း ၃ဝဝ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။ 
-
''အရောင်းအဝယ် ပြန်ကောင်းလာတယ် ဆိုပေမယ့် အနိမ့်ဆုံး ဈေးနှုန်းနဲ့ ပဲရောင်းချ နေရတာ ပါ။ ထပ်ပြီး တည်ဆောက်ဖို့ဆိုတာကလည်း ပထမ ရင်းနှီးမြှုပ်နှံထားတဲ့ တိုက်ခန်းတွေ အရောင်းမထွက်သေးတော့ အရင်းတောင်ပြန်မရသေးတဲ့ အခြေအနေတွေ ရှိနေပါတယ်။ အခု ဝယ်ယူနေသူတွေထဲမှာ ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူနေသူလည်း ပါတယ်။ အရစ်ကျစနစ်က ဒီနှစ်ထဲမှာ တွင်ကျယ်လာတော့ အရစ်ကျစနစ်နဲ့ ရောင်းချရတာတွေလည်း ရှိလာပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဦး ကပြောသည်။ 
-
ရန်ကုန်မြို့အတွင်း ကွန်ဒို၊ တိုက်ခန်း ဝယ်ယူမှုများတွင် တန်ဖိုးသင့် တိုက်ခန်းများကိုသာ ဝယ်ယူသူများလာပြီး ယင်းတို့ကိုလည်း အရစ်ကျ နှစ်ရှည်ငွေ ပေးချေမှုစနစ်ဖြင့် ရောင်းချနေရ သည့်အပြင် လက်ရှိအိမ်ခြံမြေ ဈေးကွက်အတွင်း လျှော့ဈေးဖြင့်ရောင်းချသည့် အိမ်ခြံမြေများ ကိုသာ လိုက်လံဝယ်ယူသူများလည်းရှိကြောင်း၊ ၂ဝ၁၉ ခုနှစ်အတွင်း အိမ်ခြံမြေ ဈေးကွက်၌ အဓိကအားဖြင့် စီမံကိန်း ပတ်ဝန်းကျင် နေရာများရှိတိုက်ခန်းများ ရောင်းအား ကောင်းမွန်လာ မည်ဟု ခန့်မှန်းထားကြောင်း၊ ကွန်ဒို၊ တိုက်ခန်းများကို နေထိုင်ရန်ထက် ရင်းနှီးမြှုပ်နှံရန် ဝယ်ယူမှုများကြောင့် အရောင်းအဝယ် ကောင်းမွန်လာပါက ဈေးနှုန်းပြန်လည် မြင့်တက်လာ မည်ဖြစ်ပြီး လက်ရှိတွင် အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုမိုကောင်းမွန်နေကြောင်း သိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

ယခုနှစ်အတွင်း တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေ သိန်း ၂၉ဝ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့

ယခုနှစ်အတွင်း တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေ သိန်း ၂၉ဝ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့
-
ရန်ကုန် ဒီဇင်ဘာ ၂၆ 
-
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ငါးလုပ်ငန်းစခန်းမှ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သော နည်းပညာနှင့် ငါးမျိုးများရရှိရေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ငါးသား ပေါက်ကောင်ရေ သိန်း ၂၉ဝ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးထံမှ သိရသည်။ 
-
လက်ရှိတွင် အဆိုပါ ငါးလုပ်ငန်းစခန်း၌ ငါးသားပေါက် ထုတ်လုပ်မှု လျာထားချက် ပြည့်မီရေး နှင့် ထုတ်လုပ် ဆောင်ရွက်နိုင်မှုတို့နှင့် ပတ်သက်ပြီး စမ်းသပ် သားဖောက်မည့် တိုင်းရင်းငါး များ၊ လက်ရှိသားဖောက်လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ရေချိုငါးများ၊ ဒေသတွင်း ငါး၊ ပုစွန်ရောဂါ ကင်းရှင်းရေးအတွက် အထောက်အကူပြုစေမည့် ငါးလုပ်ငန်း စခန်းအတွင်းရှိ ငါး၊ ပုစွန် ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
-
တွံတေး ငါးလုပ်ငန်းစခန်းမှ တွံတေးမြို့နယ်အတွင်း ငါးမွေးမြူသူ ၁၃၆၉ ဦး၏ ငါးမွေးမြူရေး ဧရိယာ ဧက ၅၃၈၃ဝ ခန့်၊ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် အတွင်းရှိ ငါးမွေးမြူသူ ၂ဝဝ၅ ဦး၏ ငါးမွေးမြူရေး ဧရိယာ ၃၄၁၉၈ ဧကတို့အတွက် လိုအပ်သော နည်းပညာနှင့် ငါးမျိုး များ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ 
-
လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ သားငါး ထုတ်ကုန်ကဏ္ဍ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ငါးလုပ်ငန်းစခန်း ၂၇ ခုမှ ငါးသားပေါက်ကောင်ရေ ၁၂၅၉၁ သိန်း တိုးတက် ထုတ်လုပ်နိုင်ခဲ့သည်။ ငါးမွေးမြူသူများ အနေဖြင့် ဈေးကွက်ဝင် ငါးမျိုးများဖြစ်သည့် ရွှေနီ၊ ရေချိုငါးမုတ်၊ ငါးခုံးမကြီး၊ တောင်ပေါ် ငါးသလောက်၊ ငါးသိုင်းခေါင်းပွ၊ တီလားဗီးယား၊ ရွှေဝါငါးကြင်း၊ ရောင်စုံငါးကြင်း၊ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ စသည့်ငါးမျိုးတို့ တိုးချဲ့မွေးမြူလာခြင်းကြောင့် ငါးမျိုးများ တိုးတက်ရရှိရန် လိုအပ်လာကြောင်း သိရသည်။ 
-
တွံတေး ငါးလုပ်ငန်းစခန်းမှ ငါးအမျိုးအစားနှင့် အရွယ်အစားအလိုက် သင့်တင့်သော ဈေးနှုန်း များဖြင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များအား ရောင်းချပေးနေပြီး စခန်း၌ တိုက်ရိုက် လာရောက် ဝယ်ယူနိုင်သကဲ့သို့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနများနှင့်လည်း ချိတ်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။ 
-
သုသု(AMIA)
-
#မြ၀တီနေ့စဉ်သတင်းစာ

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဒီဇင်ဘာ ၂၆
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင် ကျောင်း တိုက်၊ အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန်ကျောင်းရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများနှင့် အဆိုပါ ကျေးရွာရှိ ဒေသခံ ပြည်သူများ အား ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့ နံနက်ပိုင်း တွင် ရန်ကြီးအောင် ကျောင်းတိုက်၌ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
-
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးခြင်းတို့ ဆောင်ရွက် ပေးပြီး သံဃာတော် ခြောက်ပါး၊ဆရာ၊ ဆရာမ ၁၂ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၄၅၅ ဦးနှင့် ဒေသခံပြည်သူ ၇၇ ဦးတို့ကို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ အစာအိမ်နှင့် အူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
-
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်ရန်ကြီးအောင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော်မဟာ သံဃာ့နာယက ဗဟိုဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသအား ဖူးမြော်ကာ ဆွမ်းဆန် တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger