www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 27, 2015

အင်အားကြီးငလျင် လှုပ်ခတ်လာပါက ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခု၌ ဘေးအန္တရာယ်ရှိ


ရန်ကုန် ၊ ၂၇-၄-၂၀၁၅

မြန်မာနိုင်ငံအတွင်း အင်အားကြီး ငလျင်များ လှုပ်ခတ်လာပါက ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခု၌ ဘေးအန္တရာယ် ရှိနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ 

အဆိုပါ ဒေသငါးခုမှာ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် တို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ အဓိက စောင့်ကြည့် လေ့လာနေသော စစ်ကိုင်း ပြတ်ရွေ့ကြော ၏ အစိတ်အပိုင်း ငယ်များသည် ယခုနှစ်တွင် မကြာခဏ လှုပ်ခတ်လေ့ ရှိကြောင်း၊ တချို့သော ပြတ်ရွေ့ကြော များမှာ ကြီးမားသော ငလျင်များ ဖြစ်ပေါ် နိုင်သော်လည်း လှုပ်ရှားမှုမရှိဘဲ နှစ်ပေါင်းများစွာ ငြိမ်သက်လျက် ရှိနေပြီး လှုပ်ခတ် လာပါက ကြီးမားသော ငလျင်များ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ အတွင်းက မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းကို ဗဟိုပြု၍ ပြင်းအား (၆)နှင့် အထက်ရှိသည့် ငလျင်ကြီး ၃ဝ ခန့် လှုပ်ခတ်ခဲ့ရာ ယင်းငလျင် အများစု သည် ဘူမိဗေဒ ပညာရှင်များ ထောက်ပြထားသော လှုပ်ရှားမှု အစဉ်ရှိနေသည့် ပြတ်ရွေ့ကြီးများ၊ တက်တိုးနစ် ထိစပ်ဇုန် များနှင့် တစ်ထပ်တည်း ကျရောက် နေကြောင်း၊ တချို့ ပြတ်ရွေ့ကြော များသည် ယခုအချိန်ထိ လှုပ်ရှားမှု မရှိသောကြောင့် ယင်းအပိုင်းများ လှုပ်ရှားနိုင်မှု အခြေအနေ များကို စောင့်ကြည့် လေ့လာခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ပြင်ဆင်မှုပိုင်းနှင့် စောင့်ကြည့်လေ့လာ ခြင်းများ အတွက်လည်း ဂျပန်နိုင်ငံမှ အကူအညီ ပေးလျက် ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှု ဖြစ်စဉ်များတွင် ပုံမှန်အားဖြင့် ငလျင်ဗဟိုပြု နေရာနှင့် ဝေးသွားသည်နှင့် အမျှ အားပျော့သွားတတ် သော်လည်း ရစ်ခ်ျတာစကေးပမာဏ (၇) ကဲ့သို့ အရွယ်အစား ကြီးမားသည့် ငလျင်များသည် ဗဟိုပြုရာ နေရာနှင့် ဝေးကွာသော နေရာများကိုပါ အကျိုးသက်ရောက် နိုင်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၌ ငလျင် ဘေးအန္တရာယ် ခံစားရနိုင်မှု များကို တောင်ငူ၊ စစ်ကိုင်းနှင့် မန္တလေးမြို့ တို့၌ သုတေသန လေ့လာရေး လုပ်ငန်းများ ပြုလုပ်ထားကြောင်း၊ ရန်ကုန်၌လည်း ငလျင် ဘေးအန္တရာယ် ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သည့် သက်ရောက်မှု များကို လေ့လာမှုများ စတင်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

တေဇရုပ်စုံစာစောင် အတွဲ(၂၆) အမှတ်(၁၂)


တေဇရုပ်စုံစာစောင် အတွဲ(၂၆) အမှတ်(၁၂)

Download Links


အစာအဆိပ်သင့်မှု အန္တရာယ် သုံးဦးသုံးဖလှယ် ဆင်ခြင်ဖွယ်


အစာအဆိပ်သင့်မှု အန္တရာယ် သုံးဦးသုံးဖလှယ် ဆင်ခြင်ဖွယ်

လူသားတိုင်းသည် အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရန် အစာ အာဟာရကို နေ့စဉ်မှီဝဲ နေကြ ရသည်။ အာဟာရ ဆိုသည်မှာ သက်ရှိ သတ္တဝါများ အသက်ရှင်သန် နေနိုင်ရန်နှင့် ခန္ဓာကိုယ် ကြီးထွားရန် အတွက် စားသုံး နေရသော အစားအစာတွင် ပါဝင်သည့် ဓာတ်ပစ္စည်း အစိတ်အပိုင်းများ (nourishment) ပင်ဖြစ်သည် ဟု သိပ္ပံဝေါဟာရ တွင် အဓိပ္ပာယ် ဖွင့်ဆို ထားသည်။

သတ္တဝါတို့၏ ဇီဝဖြစ်စဉ် လုပ်ငန်းများ လည်ပတ်နိုင်ရန် အတွက် စွမ်းအင် ဖြည့်ဆည်း ပေးခြင်းနှင့် ဇီဝ ဖြစ်စဉ်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးခြင်း တို့ကို အာဟာရဓာတ် က ဆောင်ရွက် ပေးသည်။ လူတို့ နေ့စဉ်စားသုံး နေသော အစာများမှာ ကာဗို ဟိုက်ဒရိတ် ခေါ် ကစီဓာတ်၊ ပရိုတိန်း ခေါ်သော အသားဓာတ်နှင့် အဆီဓာတ် တို့သည် အဓိက စားသုံးရသော အစာများ ဖြစ်သည့်အပြင် ရေ၊ ဗီတာမင် နှင့် သတ္တုဓာတ်ဆား များသည်လည်း အသင့်အတင့် စားသုံးရသော အစာများ ဖြစ်သည်။

ကစီဓာတ်သည် နေ့စဉ်လှုပ်ရှား သွားလာမှုများ အပါအဝင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များ အတွက် အင်အားကို ဖြစ်စေသည်။ အသားဓာတ်သည် ခန္ဓာကိုယ် ကြီးထွားခြင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တည်ဆောက်ခြင်း နှင့် ပြန်လည် ပြုပြင်ခြင်း တို့အတွက် လိုအပ်သည်။ ဇီဝဖြစ်စဉ် များတွင် လိုအပ်သော အင်ဇိုင်းများ အတွက်လည်း အသားဓာတ် လိုအပ်သည်။ အဆီဓာတ်သည် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရ ဖြစ်သည့် အပြင် ဆဲလ်နံရံများ တည်ဆောက်ခြင်း၊ ဟော်မုန်းများ ထုတ်ပေးခြင်းနှင့် အင်အား ဖြစ်စေခြင်း တို့အတွက် လိုအပ်သည်။ အဆီဓာတ်ကို အပင်မှရရှိသော အဆီဓာတ်နှင့် တိရစ္ဆာ န်မှ ရရှိသော အဆီဓာတ် ဟူ၍ ခွဲခြား ထားသည်။

ကစီဓာတ်ကို ဆန်၊ ပေါင်မုန့်၊ အာလူး၊ သကြား၊ ပျားရည်၊ ယိုအမျိုးမျိုး တို့မှ ရရှိသည်။ အသားဓာတ်ကို အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နွားနို့၊ ဒိန်ခဲနှင့် ဟင်းသီးဟင်းရွက် တို့မှရသည်။ ပရိုတိန်းကို အမိုင်နိုအက်စစ် များဖြင့် ဖွဲ့စည်း ထားသည်။ အမိုင်နိုအက်စစ် တွင် အုပ်စုနှစ်စု ရှိရာ ပထမအုပ်စုမှာ ခန္ဓာကိုယ်တွင် မိမိဘာသာ ထုတ်လုပ်နိုင်သည့် အမိုင်နိုအက်စစ် နှင့် ဒုတိယအုပ်စုမှာ ခန္ဓာကိုယ်တွင် မထုတ်လုပ် နိုင်သဖြင့် လူတို့ စားသောက်သော အစားအစာမှ ရယူရသော အမိုင်နိုအက်စစ် ဖြစ်သည်။

သတ္တဝါ မှန်သမျှ အသက်ရှင် နေနိုင်ရေး အတွက် အစာ အာဟာရကို မှီဝဲစားသုံး ကြရသည်။ အစာ အာဟာရကို စားသုံးပြီးသော အခါ အစာ ချေချက်သော အစိတ်အပိုင်းက ချေချက်ပြီး သွေးကြောများ အတွင်း စုပ်ယူကာ တစ်ကိုယ်လုံးသို့ ပို့ဆောင် ပေးသည်။ ထိုအခါ ဇီဝဖြစ်စဉ်များ အတွက် အာဟာရ မဖြစ်ဘဲ အဆိပ်အတောက် ဖြစ်စေသော ဓာတ်ပစ္စည်းများ ပါလာလျှင် လူကို အန္တရာယ် ဖြစ်တော့သည်။

ထို့ကြောင့် အစာ အဆိပ်သင့် ခြင်းကြောင့် လူအများ အန္တရာယ် မဖြစ်စေခြင်းငှာ စားသုံးကုန် ထုတ်လုပ်သော လုပ်ငန်းရှင်များ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သူများ၊ တစ်ဆင့်ခံ ရောင်းချသူများ အနေဖြင့် အထူး သတိထား လုပ်ကိုင်ကြ ရမည် ဖြစ်သကဲ့သို့ စားသောက်ကုန် နှင့် သီးနှံများကို ဝယ်ယူစားသုံး သူတို့ကလည်း အန္တရာယ် ကင်းစွာ စားသုံးနိုင်ရေး သတိရှိကြရန် အထူး လိုအပ်ကြောင်း မြဝတီက နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

တပ်မတော် စစ်ကြောင်းများနှင့် ကိုးကန့် သောင်းကျန်းသူများ လက်တစ်ကမ်း တိုက်ပွဲများ ဖြစ်ပွား


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ

လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ

နေပြည်တော် ၊ ၂၇-၄-၂၀၁၅

ကိုးကန့် သောင်းကျန်းသူများ အခြေပြု ခဲ့သည့် ရှင်ခုတ်ထန် ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသ တို့အား တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက် ထိန်းချုပ် နိုင်ခဲ့သဖြင့် သောင်းကျန်းသူ များသည် နယ်မြေ ကျဉ်းမြောင်း လာပြီး ၄င်းဒေသမှ အင်အားများကို စုစည်းကာ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ်(၁၁၉) တည်ရှိသည့် တောင်ကြော အနီး မြင့်မား မတ်စောက်သော ကျောက်တောင် တစ်ခု ဖြစ်သည့် ပွိုင့်- ၂၂ဝ၂ တောင်ကုန်းတွင် အခြေပြု ခံစစ်ဆင်ရန် စီစဉ် လာခဲ့သည်။

ကိုးကန့် သောင်းကျန်းသူ များသည် မြေ အနေအထား အရ အသာစီး ရရှိထားသော ပွိုင့်-၂၂ဝ၂ တောင်ကုန်း ပေါ်တွင် အခိုင်အမာ ဘန်ကာများ ဆောက်လုပ် ထားပြီး ခြံစည်းရိုးများ ကာရံကာ မိုင်းကွင်းနှင့် အတားအဆီး များ ပြုလုပ်ထား၍ တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှု များအား အဆင့်ဆင့် ခုခံ တိုက်ခိုက်လျက် ရှိသည်။

ထိုသို့ ကိုးကန့် သောင်းကျန်း သူများ၏ အဆင့်ဆင့် ခုခံ တိုက်ခိုက်မှု များကို တပ်မတော် စစ်ကြောင်း များက ပွိုင့်-၂၂ဝ၂ သို့ စစ်ကြောင်း တစ်ကြောင်းဖြင့် လည်းကောင်း၊ ဟိုထိုလင် ကျေးရွာအနီး တောင်ကြော များသို့ စစ်ကြောင်း တစ်ကြောင်း ဖြင့်လည်းကောင်း၊ စီတုံးဆွေ ကျေးရွာအနီး တောင်ကုန်းသို့ စစ်ကြောင်း တစ်ကြောင်းဖြင့် လည်းကောင်း အသီးသီး ဖြန့်ခွဲ၍ တိုက်ခိုက် ချေမှုန်းခဲ့ရာ တပ်မတော် စစ်ကြောင်း များနှင့် ကိုးကန့် သောင်းကျန်းသူ များ လက်တစ်ကမ်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ယင်းသို့လ က်တစ်ကမ်း တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ကိုးကန့် သောင်းကျန်းသူ များ အနေဖြင့် မြေအနေအထား အရ အသာစီး ရယူကာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ရာသီဥတု အနေဖြင့် ဆိုးရွားလျက် ရှိသော်လည်း တပ်မတော်သား များက ရဲဝံ့စွန့်စား စွာဖြင့် အဆင့်ဆင့် ထိုးဖောက် တိုက်ခိုက် ချေမှုန်း ခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားရာ နေရာများသည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း ၏ မီတာ ၅ဝဝ နှင့် ၁၅ဝဝ ကြားတွင် ရှိခြင်းကြောင့် တစ်ဖက်နိုင်ငံ အတွင်းသို့ မိမိကျည် များ ကျရောက် ပေါက်ကွဲခြင်း မရှိစေရေး အတွက် အလေးထား ထိန်းသိမ်း ဆောင်ရွက် ရသဖြင့် စစ်နည်းဗျူဟာ ကျင့်သုံးမှု အပိုင်းတွင် ကန့်သတ်ချက် နှင့် အခက်အခဲ များစွာ ရှိခဲ့ပြီး စစ်ဆင်ရေးအား အလွန် ခက်ခဲစွာ ဆောင်ရွက် ခဲ့ရသည်။

ထို့အပြင် ကိုးကန့် သောင်းကျန်းသူ များ အနေဖြင့် တစ်ဖက်မှ အကူအညီ အထောက်အပံ့များ ကောင်းစွာ ရယူပြီး တိုက်ခိုက် ခဲ့ခြင်းကြောင့် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး အချို့ ပျောက်ဆုံး ခဲ့ကာ ထိခိုက်ဒ ဏ်ရာများလည်း ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက် ပေးလျက် ရှိသည်။

လောက်ကိုင်ဒေသ တစ်ခုလုံး တည်ငြိမ် အေးချမ်းရေး အတွက် ကိုးကန့် သောင်းကျန်းသူ အကြွင်းအကျန်များ ဒေသအတွင်း အခြေပြု နေထိုင် လှုပ်ရှားမှုများနှင့် ခုခံ တိုက်ခိုက်မှုများ မပြုလုပ်နိုင် စေရေးအတွက် တပ်မတော် သားများက အသက်ကို ပဓာန မထားဘဲ ရဲဝံ့ စွန့်စားစွာဖြင့် ဆက်လက် တိုက်ခိုက် ချေမှုန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger