www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 1, 2019

အောင်လအန်ဆန် ဟာစီ ဂါဝါကို ဒုတိယ အချီတွင် အလဲထိုးအနိုင်ယူ၍ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်

အောင်လအန်ဆန် ဟာစီ ဂါဝါကို ဒုတိယ အချီတွင်  အလဲထိုးအနိုင်ယူ၍ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာ ကွယ်
-
ရန်ကုန်  မတ်  ၃၁
-
အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို လုရန် ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန်ဗီရာက စိန်ခေါ် One Championship MMA လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကိုရရှိ ထားသော အောင်လအန်ဆန်သည်မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဂျပန် MMA ချန်ပီယံ ဟာစီဂါဝါနှင့် မတ် ၃၁ ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာဒုတိယအချီတွင်အလဲထိုးအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
-
ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည့် အဆိုပါပြိုင်ပွဲ မတိုင်မီ သတင်းစာ ရှင်းလင်းပွဲတွင် အောင်လအန်ဆန် က ဒုတိယ အချီတွင်အလဲထိုးအနိုင်ယူမည်ဟု  ပြောကြားခဲ့သည့် အတိုင်း အိမ်ရှင်ပရိသတ်အား ရှိနေသော ဟာစီ ဂါဝါကို သွေးအေးစွာ အကောင်းဆုံး ထိုးသတ်သွားနိုင်ခဲ့သည်။
-
ပထမအချီမှာပင်   အောင်လအန်ဆန်က တိုက်စစ်ဆင် ထိုးသတ်နေခဲ့သောကြောင့် ဟာစီဂါဝါမှာ ညာဖြောင့် လက်သီး တစ်ချက်မိပြီး ကြိုးဝိုင်း ပေါ်လဲကျခဲ့သေးသလို လက်သီးချက်ပေါင်းများစွာကိုလည်းခံခဲ့ရသည်။ အောင်လ၏ ညာခြေ ခါးဖြတ်ကန်ချက်များကြောင့်ဟာစီဂါဝါ၏ဘယ်နံစောင်းတွင် သွေးခြေဥဒဏ်ရာများ အတိုင်းသားမြင်ရပြီး  ဒုတိယအချီ ၄ မိနစ်နှင့် ၄၁ စက္ကန့်တွင် အောင်လ အန်ဆန်ကပြင်းထန်သော ညာလက်သီး ထိုးချက်ဖြင့် အလဲထိုးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
-
One MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ၂ဝ၁၇ ခုနှစ် ဇွန်လက ရယူထားနိုင်ခဲ့သော အောင်လအန်ဆန်သည် ၂ဝ၁၈ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ကမ္ဘာ့ ချန်ပီယံကာပဲ နှစ်ကြိမ်ထိုးသတ်ခဲ့ပြီး ပထမ အကြိမ်တွင် ဟာစီ ဂါဝါကို ငါးချီတွင် လည်းကောင်း၊ ဒုတိယအကြိမ်တွင်လက်ဘနွန်နိုင်ငံသား မိုဟာမက် ကရာခီကို ပထမအချီတွင်လည်းကောင်းအလဲထိုးနိုင်ပွဲများဖြင့် ကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို အကြိမ်ကြိမ် ကာကွယ်နိုင်ခဲ့သည်။
-
အဆိုပါ ပွဲအပြီးတွင် လက်ရှိ One Championship ဟဲဗီးဝိတ်တန်း ချန်ပီယံ ဖိလစ်ပိုင် တိုက်ခိုက်ရေးသမား ဘရန်ဒန် ဗီရာက ကြိုးဝိုင်း အတွင်း ဝင်ရောက်လာပြီး အောင်လအန်ဆန် အတွက် ဂုဏ်ပြုစကားဆိုကာလာမည့် အောက်တိုဘလတွင် ယှဉ်ပြိုင်ထိုးသတ်ရမည့် One Championship ပွဲစဉ်တွင် အောင်လအန်ဆန်၏ လိုက်ဟဲဗီး ဝိတ်တန်း ချန်ပီယံခါးပတ်ကို လုယူရန် အတွက် စိန်ခေါ်ရာအောင်လအန်ဆန်က လက်ခံထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲသို့ လာရောက် ဆန္ဒမဲပေး

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲသို့ လာရောက် ဆန္ဒမဲပေး
-
ရန်ကုန်  မတ်  ၃၁ 
-
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲကို  ယနေ့နံနက်ပိုင်းမှစတင်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီး၌ ကျင်းပလျက်ရှိရာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုမိသားစုတို့သည် ယနေ့နံနက်၈နာရီတွင် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အမှတ်(၃)မဲရုံ၌ လာရောက်ဆန္ဒမဲပေးကြသည်။
-
-
ထိုသို့ဆန္ဒမဲပေးရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ကျော်၊ တာမွေမြို့နယ်စည်ပင်သာယာရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၁-၄- ၂၀၁၉)

တနာပုံနေ့စဉ်သတင်းစာ (၁-၄- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၁-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁-၄-၂၀၁၉)

-
 Download Links

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger