www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား နယ်မြေ တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ကေကေအို(ခွဲထွက်)အဖွဲ့မှ လက်နက်ငယ်များဖြင့် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်

-
နေပြည်တော် ဇန်နဝါရီ  ၁ 
-
ကရင်ပြည်နယ်၊ ရှမ်းရွာသစ်၏ အနောက်မြောက်ဘက် မီတာ ၅ဝဝဝ ခန့်အကွာ မဲသဝေါပြန့်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား ယနေ့ညနေ ၃ နာရီခန့်တွင် နယ်မြေတည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် ကေကေအို(ခွဲထွက်)အဖွဲ့မှ ပြောက်ကျားယူနီဖောင်းဝတ် သုံးဦးခန့်က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ရာ  တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်သဖြင့် မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ 
-
အဆိုပါဖြစ်စဉ်နေရာ၏ အရှေ့မြောက်ဘက် မီတာ ၅ဝဝ ခန့်အကွာရှိ တောင်ကမူ၌ ကေကေအို(ခွဲထွက်)အဖွဲ့မှ ယာယီအခြေပြုထားသည့် ငှက်ပျောဖက်အမိုး၊ အကာမပါ၊အကျယ် ၇ ပေပတ်လည်ခန့်ရှိ တစ်ဖက်ရပ် တဲတစ်လုံးအား တွေ့ရှိရပြီး ၎င်းတဲ၏ထောင့်မှ အမ်-၁၆ သေနတ်တစ်လက်နှင့်အတူ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိသည်။          
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး တောင်းဆုရ ''ဝ'' စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး တောင်းဆုရ ''ဝ'' စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်
-
နေပြည်တော်  ဇန်နဝါရီ  ၁ 
-
တောင်းဆုရ ''ဝ'' စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို ယနေ့နံနက် ၇ နာရီ  ၄၅ မိနစ်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အဆိုပါစေတီတော်ရင်ပြင်ယာယီမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက် ဖူးမြော်ကြည်ညိုကြသည်။
-
အခမ်းအနားသို့ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိအမှူးပြုသည့် ဆရာတော်သံဃာတော်များကြွရောက်တော်မူကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင်၊  ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့်ဇနီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့် ဇနီး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကြည်မင်း၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
အခမ်းအနားမစတင်မီ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တို့သည် ယာယီမဏ္ဍပ်အတွင်း ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အားဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက  နမောတဿ  သုံးကြိမ်ရွတ်ဆို၍ တောင်း ဆုရ ''ဝ'' စေတီနောင်တော် ဘုရားရွှေထီး တော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နေပြည်တော်တိုင်းသံဃာနာယကအဖွဲ့ဥက္ကဋ္ဌ၊ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာ ပရိယတ္တိ စာသင်တိုက်  တိုက်အုပ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဥပါသကာများ ကပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများကို  ဆရာတော်သံဃာတော်များထံဆက်ကပ်လှူဒါန်းကြသည်။
-
-
ဆရာတော် သံဃာတော်များက သမန္တာမှစ၍ မေတ္တသုတ်တော်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ်တော် ပရိတ် တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြရာ ဧည့်ပရိသတ်များက နာယူကြည်ညိုကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲ များကို စေတီတော်ပရိဝုဏ်အတွင်းပက်ဖြန်း ကြဲဖြန့်ချည်နှောင်ကြသည်။
-
-
ထို့နောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့က စေတီတော်၏ ရတနာစိန်ဖူးတော်နှင့်  လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငှက်မြတ် နားတော်၊ သာသနာ့ တံခွန်တိုင်၏ စိန်ဖူးတော် နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ကိုလည်းကောင်း၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီး  ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီးဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည် ထဲရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့်ဇနီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်ဇနီး၊   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီးနှင့်တာဝန် ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်များကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
-
-
ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်  ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဇွန်းဘုံတော်များ၊ ဆပ်သွားဖူးတော်၊ ရွှေထီးတော်ဘုံဆင့်များနှင့် ရွှေခေါင်းလောင်းတော် များကိုပင့်ဆောင်၍တောင်း ဆုရ''ဝ''စေတီနောင်တော် ဘုရားအား  လက်ယာရစ်လှည့်လည်၍  မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပို့ဆောင်ပူဇော်ကြသည်။
-
ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော ဓိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက  ရွှေထီးတော် ဘုံဆင့်များ၊ ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့ကို ပရိတ်နံ့သာရေ၊ အောင်စံပယ် ပန်း၊ အောင်သပြေ ပန်းများဖြင့် ပက်ဖြန်းချိတ်ဆွဲကြပြီး မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်ပူဇော်ကြသည်။ မင်္ဂလာအချိန်တွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့်တာဝန်ရှိသူများက ရှေးထုံးကျမ်းဂန်နှင့်အညီ စေတီတော်အထွတ်၌ အစီအစဉ်အတိုင်း တင်လှူ ပူဇော်ကြပြီး ရွှေထီးတော်ကို ပရိတ်နံ့သာရေ၊ တရော်ကင်ပွန်းရေ၊  ရေစင်ရေသန့်များဖြင့်  ပက်ဖျန်း သန့်စင်သွန်း လောင်းပူဇော်ကြသည်။
-
ယင်းနောက် သာသနာ့တံခွန်တိုင်၌ ရွှေထီးတော်၊ ဆပ်သွားဖူးတော်၊ ဇွန်းဘုံတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန် ဖူးတော် တို့ကို လက်ဆင့်ကမ်းတင်လှူပူဇော်ကြပြီး ပရိတ် နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်များဖြင့် ပက်ဖျန်း သန့်စင် သွန်းလောင်းပူဇော်ကြသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် သာသနာ့ တံခွန်တိုင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အားအမွှေး နံ့သာရည်များ ပက်ဖြန်း ပူဇော်ကြပြီး ရတနာ ရွှေမောင်းတော်နှင့်  ရတနာ ခေါင်းလောင်းတော်တို့ကို တီးခတ်ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးကြသည်။
-
ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာ မင်္ဂလာ အခမ်းအနားကို ကျင်းပရာ အဂ္ဂမဟာ မဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောဓိက ဓဇဘဒ္ဒ န္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက တောင်းဆုရ စေတီတော် မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ဒုတိယ သမ္မတဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင် သက်ဌေး၊ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီးဒေါက်တာ ရွှေလွှမ်းနှင့်အခမ်းအနားသို့ တက်ရောက် လာကြသူ များက ဆရာ တော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရတနာပုံနေ့စဉ်သတင်းစာ (၂- ၁- ၂၀၁၉)

ရတနာပုံနေ့စဉ်သတင်းစာ (၂- ၁- ၂၀၁၉)
-
Download Links

မြဝတီနေ့စဉ်သတင်းစာ (၂-၁-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၂-၁-၂၀၁၉)

-
 Download Links

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger