www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 24, 2013

ငွေစက္ကူအတုများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၄-၅-၂၀၁၃

မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းသို့ ရောက်ရှိ လာသော ထိုင်းနိုင်ငံ လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက်တထို ကျေးရွာနေ မစ္စတာ တာဟူး (၅၇)နှစ် နှင့် ဇနီး ဖြစ်သူ မစ္စ ချန် (၄၁)နှစ် တို့ ၂ ဦးသည် ထီးခီး စစ်ဆေးရေး ဂိတ်အနီး၌ မြန်မာငွေ နှင့် ထိုင်းဘတ်ငွေ လဲလှယ်ရန် ဆောင်ရွက် နေစဉ် မသင်္ကာသဖြင့် ထီးခီး ကုန်သွယ်ရေး စခန်း တာဝန်ကျ အဖွဲ့က ခေါ်ယူ မေးမြန်းခဲ့ရာ မစ္စတာ တာဟူး နှင့် အတူပါလာသော အညိုရောင် ချည်ထည်ဖြင့် ရက်လုပ် ထားသည့် ရှမ်းလွယ်အိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတု ၁၀၀၀ ကျပ်တန် ၁၀၀ ရွက် ၊ ၅၀၀၀ ကျပ်တန် ၁၉၄ ရွက် တို့အား စစ်ဆေး တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။


စစ်ဆေးချက်အရ ၄င်းတို့ ၂ ဦးသည် ထိုင်းနိုင်ငံ မှ ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ကုန် အရောင်းအ၀ယ် ကိစ္စ လေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း ၊ ၄င်းတို့ နေထိုင်သော လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက်တထို ကျေးရွာ အမှတ်(၈၈) နေအိမ်၏ တောင်ဘက် ကပ်လျက် အမှတ်(၈၉) နေအိမ်တွင် နေထိုင်သော အချိုင် ဆိုသူထံသို့ ထိုင်းစစ်သား အစင် ဆိုသူက ယင်း မြန်မာ ငွေစက္ကူ အတုများအား ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုင်းစစ်သား အစင် ဆိုသူမှာ လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် နေထိုင်လျက် ရှိကြောင်း ၊ အဆိုပါ ငွေစက္ကူ အတုများကို အချိုင် မှ ထိုင်းဘတ်ငွေ ဖြင့် လဲလှယ် ပေးရန် ၄င်းတို့အား ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြိး မြန်မာ ငွေစက္ကူ အတုများ လက်ဝယ် တွေ့ရှိသူ မစ္စတာ တာဟူး နှင့် ဇနီးသည် မစ္စချန် တို့ ၂ ဦးအား ထားဝယ် မြို့မရဲစခန်း (ပ) ၁၈၂ / ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၄၈၉ (က) (ခ) (ဂ) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန မှ သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၄-၅-၂၀၁၃) သောကြာနေ့



Download = Minus
Download = Dev-Host



ခရီးသည်တင် မိုးယိုဘတ်စ်ကားများ အရေးယူမည်


ရန်ကုန် ၊ ၂၄-၅-၂၀၁၃

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ နှင့် မီဒီယာများ တွေ့ဆုံပွဲ အခမ်းအနား ကို ယမန်နေ့ က မထသ (ဗဟို) အစည်းအဝေး ခန်းမ၌ ကျင်းပရာ မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် ၊ တာဝန်ရှိ သူများ နှင့် စာနယ်ဇင်း အသီးသီးမှ မီဒီယာများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ယခုအခါ မိုးရာသီ ရောက်ရှိ လာပြီ ဖြစ်သဖြင့် ခရီးသည်တင် ဘတ်စ်ကားများ အနေဖြင့် ဘရိတ် ၊ ၀ိုင်ဘာ ၊ မှန် ၊ အမိုး နှင့် မော်တော်ယာဉ် အောက်ပိုင်း ကြံ့ခိုင်မှု ကောင်းရန် အထူး လိုအပ်ကြောင်း ၊ အထက်ပါ ချို့ယွင်းချက် များကို လိုက်နာမှု မရှိသော မော်တော်ယာဉ် များကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ၊ ယင်းအပြင် ရန်ကုန်မြို့ တွင် လက်ရှိ ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်း ၃၉၅ လိုင်းရှိရာ အချို့ လိုင်းများတွင် တစ်စီး ၊ နှစ်စီးဖြင့် ပြေးဆွဲလျက် ရှိသောကြောင့် ယာဉ်လိုင်း ဖောင်းပွ မရှိစေရန် အချို့ ယာဉ်လိုင်းများကို ပေါင်းစည်း၍ ပြေးဆွဲ စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၎င်းအပြင် CNG ကုဗပေ တစ်သန်းအတွက် ယာဉ်စီးရေ ၂၁၀ လျှောက်ထား ခဲ့ရာ အချို့မှာ ခွင့်ပြုချက် ကျနေပြီ ဖြစ်သဖြင့် လိုင်းကား စီးရေ နည်းပါးမှုကို အထိုက်အလျှောက် လျော့ပါး စေမည် ဖြစ်ကြောင်း ၊ ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက် များ စည်းကမ်း ဖောက်ဖျက်မှု များ ရှိပါက တိုင်ကြားနိုင် ပါကြောင်း ၊ ယခုအခါ Website ၊ ဖုန်း တို့ဖြင့် တိုင်ကြား လာမှုများကို လည်း အရေးယူလျက် ရှိပါကြောင်း ၊ ၄င်းအပြင် စီးပွားရေး တက္ကသိုလ် သို့ ခေါက်တို ပြေးဆွဲရန် ယာဉ် ၁၀ စီး တောင်းဆိုမှု ကိုလည်း သက်ဆိုင်ရာ သို့ တင်ပြထား ပါကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက် လာကြသော မီဒီယာ အသီးသီး ၏ မေးမြန်းချက် များကို ဖြေကြား ခဲ့ကြောင်း သိရသည်။


မီဒီယာ တစ်ဦး၏ မေးမြန်းချက် ဖြစ်သော ဘတ်စ်ကား အတွင်း မိုးယို၍ ထီးဆောင်းပြီး ကားစီး နေရကြောင်း မေးမြန်းချက် ကို ယခုအပတ် မှစ၍ ယာဉ်များ၏ ကြံ့ခိုင်မှု များကို စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ကြောင်း သိရှိရသည်။

Thursday, May 23, 2013

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၂၀)



အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၂၀)
( ၂၃-၅-၂၀၁၃ ရက်နေ့ထုတ် )

Download = Dev-Host

http://themyawadydaily.blogspot.com/2013/05/blog-post_9089.html
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger