www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လူ့အခွင့်အရေးဆိုင်ရာ. Show all posts
Showing posts with label လူ့အခွင့်အရေးဆိုင်ရာ. Show all posts

Friday, July 14, 2017

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့်အဖွဲ့ စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ


မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ နှင့်အဖွဲ့စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများကိုကြည့်ရှုလေ့လာစဉ်။

စစ်တွေ ၁၄-၇-၂၀၁၇

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့မှ ရေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ စစ်တွေမြို့သို့ နံနက် ၁ဝ နာရီတွင် ပြန်လည် ရောက်ရှိသည်။

မစ္စယန်ဟီလီနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မဒ္ဒရာဆာအိစ္စလာမီ စာသင်ကျောင်း၌ အောင်မင်္ဂလာရပ်ကွက်ရှိ အစ္စလာမ်ဘာသာ ဝင်များနှင့် တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ် သက္ကယ်ပြင် ကယ်ဆယ်ရေး စခန်းရှင်းလင်းဆောင်၌ စခန်းအတွင်းရှိ အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းကာ စခန်းအတွင်း လှည့်လည် ကြည့်ရှုသည်။

ထို့နောက် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

#yadanarpondaily

Thursday, January 19, 2017

လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကိစ္စရပ်များ ဆွေးနွေး



နေပြည်တော် ၊ ၁၉-၁-၂၀၁၇

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့နံနက် ၁၁ နာရီတွင် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း လက်ရှိဖြစ်ပွား နေသည့် ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပေါ် တိုးတက်မှုများ၊ တပ်မတော် မှ လက်ရှိဖြစ်ပွား နေသည့် ပဋိပက္ခများ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် တာဝန်ယူ ဆောင်ရွက်မှုများ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အရွယ်မရောက် သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကိစ္စရပ်များ၊ တိုက်ပွဲရှောင် ဒုက္ခသည်များ အရေးကိစ္စနှင့် မြေမြှုပ်မိုင်း ရှင်းလင်းရေး ကိစ္စတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာ၌ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger