www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 11, 2019

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သံအမတ်ကြီးတို့က သီးခြား စီ ခန့်အပ်လွှာပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သံအမတ်ကြီးတို့က သီးခြား စီ ခန့်အပ်လွှာပေးအပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သောမစ္စစ်ဆူဖတ်သရာ ဆီမိုင်းသရီဖိတပ်သည် ယနေ့နံနက် ၁ဝ  နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၄င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။ 
-
အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘော တူညီပြီး ဖြစ်သော မစ္စတာ ဟွန်းဆန် ကမ်ဒါလာဗွန်သည် ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သံတမန် ဆောင်ဧည့်ခန်းမ၌ ၄င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။ အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger