www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2019

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ကျွန်းစုမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့  ကျွန်းစုမြို့နယ် အတွင်းရှိ  ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၇ 
-
တနင်္သာရီတိုင်း ဒေသကြီး အတွင်းသို့ တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ကျွန်းစုမြို့နယ်၊ ပြင်စဘု ကျေးရွာရှိနယ်မြေခံတပ်၌ ဒေသခံ ပြည်သူ ၁ဝ၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာ ရောဂါ ၁၂ ဦး၊ ခွဲစိတ် ရောဂါ ခုနစ်ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁ဝ ဦး၊  ကလေး ရောဂါ ၂၂ ဦး၊ အရိုး ရောဂါ ၁၁ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ခုနစ်ဦး၊ မျက်စိရောဂါ ၁ဝ ဦး နှင့် သွားရောဂါ ၂၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက် ပေးနိုင်ခဲ့သည်။
-
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာခုနစ်ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၁၂ ဦး၊ ECG  စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၁၆ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၁ဝ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူနှစ်ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger