www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 22, 2019

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုတို့ နဝင်းပြည့် ဆုတောင်းပြည့် လာဘ်ပေး ရန်ကာ မုဒြာနဂါးရုံ ဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက် ကြည်ညို

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုတို့ နဝင်းပြည့် ဆုတောင်းပြည့် လာဘ်ပေး ရန်ကာ မုဒြာနဂါးရုံ ဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက် ကြည်ညို
-
ဟားခါး    ဖေဖော်ဝါရီ    ၂၁ 
-
ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုနှင့် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီတွင်ကျင်းပသည့်အိပ်မက်တော်ရ သစ္စာ အောင်မြေကုန်းတော်ဇေတဝန်တောရ ကျောင်းတိုက်အတွင်း တည်ထားလျက်ရှိသည့် နဝင်းပြည့်ဆုတောင်းပြည့် လာဘ်ပေးရန်ကာမုဒြာနဂါးရုံဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားကို တက်ရောက်ကြည်ညိုပြီးဓာတ်တော်မွေတော်၊ ဗုဒ္ဓရုပ်ပွားဌာပနာတော်များ ဆက်ကပ်လှူဒါန်းသည်။ 
-
အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးအမှူးပြုသောဧည့်ပရိသတ်များကမဟာဗောဓိမြိုင်ရိပ်သာ ကျောင်းတိုက် ဆရာ တော် မဟာကမ္မ ဋ္ဌာနာစရိယဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ 
-
ထို့နောက် ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် ဂုဏ်တော်ကိုးပါးပဋိတော်များကို နာယူပြီး လာဘ် ပေးရန်ကာ မုဒြာနဂါးရုံဘုရားကြီးတွင် သွင်းလှူပူဇော်မည့် ဓာတ်တော်မွေတော်၊ ဗုဒ္ဓရုပ်ပွားဌာပနာ တော်များနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရထံ ဆက်ကပ်လှူဒါန်း၍ ပြည်ထောင်စုဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီးနောက် ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တ  တေဇောသာရဟောကြားသည့် အနုမောဒနာတရားနာယူပြီးလှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။                                      
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger