www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2019

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ စတင်ကျင်းပ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ  
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးစီးကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃)၌ အသီးသီးကျင်းပသည်။    
-
ရှေးဦးစွာ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲများ အဖြစ် ပြည်သူ့လွှတ်တော်အသင်းနှင့်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်း ကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန အသင်းကိုနှစ်ပွဲ ပြတ်ဖြင့်လည်း ကောင်း၊ ပြည်ထောင်စုရာထူးဝန် အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းကလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအသင်းအားနှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်သူ့လွှတ်တော် အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအသင်းက  ပြည်သူ့လွှတ်တော်အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
-
ဆက်လက်၍ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲများအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ပညာရေး ဝန်ကြီးဌာန အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စု ရာထူးဝန်အသင်း ကပညာရေးဝန်ကြီးဌာနအသင်းကို  နှစ်ပွဲ ပြတ်ဖြင့်လည်း ကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ထုပ်စည်းတိုး (အမျိုးသမီး) ပြိုင်ပွဲအဖြစ်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အသင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အသင်းက အနိုင်ရရှိသွားကြောင်း သိရသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger