www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2019

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော် အထူးကု ဆေးအဖွဲ့ ကျွန်းစုမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော် အထူးကု ဆေးအဖွဲ့ ကျွန်းစုမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ
-
တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်သို့ တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိ နေသော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည်ယနေ့တွင်ကျွန်းစုမြို့ရှိအုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူ ၈၂၇  ဦးအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့သည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ  ၁၉၅ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၂ ဦး၊ သားဖွား/မီးယပ်ရောဂါ  ၈၄ ဦး၊ ကလေး ရောဂါ ၈၉ ဦး၊ အရိုးရောဂါ ၈ဝ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၇ဦး၊ မျက်စိရောဂါ ၁၅၅ ဦးနှင့် သွား ရောဂါ ၆၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၅ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၄၄ ဦး၊ ECG နှလုံး စမ်းသပ်လူနာ ၅၈ ဦး၊ ဓာတ်ခွဲ စမ်းသပ် လူနာ ၅၅ဦးနှင့် ကွန်ပျူတာ ဓာတ်မှန်ရိုက် လူနာတစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင် ရွက် ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ၁၈ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger