www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 6, 2019

ကလေးဝမြို့တွင် လျှပ်စစ် ဓာတ်အားခွဲရုံသစ် မကြာမီ ဖွင့်လှစ်မည်

ကလေးဝမြို့တွင် လျှပ်စစ် ဓာတ်အားခွဲရုံသစ် မကြာမီ ဖွင့်လှစ်မည်
-
ကလေးဝ  ဖေဖော်ဝါရီ  ၅ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၄ နာရီ မီးရရှိရေးအတွက် ၆၆ ကေဗွီရာဇင်္ဂြိုဟ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း ၄၈ ဒသမ ၉၆ မိုင် လိုင်းဆွဲခြင်းနှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ   ၁ဝဝ  ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ကလေးဝမြို့တွင်းသို့ ၂၄ နာရီ ဓာတ်အား ပို့လွှတ်နေပြီဖြစ်သည်။
-
အဆိုပါဓာတ်အားခွဲရုံမှတစ်ဆင့် မော်လိုက်မြို့သို့ ဓာတ်အား ပို့လွှတ်မည်ဖြစ်ပြီး ဓာတ်အားခွဲ ရုံသစ် ဖွင့်ပွဲကို ယခုလ ၁ဝ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger