www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

အရှည်ပေ ၈၁ဝ ရှိ ဆွာချောင်းတံတား ပြုပြင်ခြင်းလုပ်ငန်း မတ်လအတွင်း အပြီး ဆောင်ရွက်သွားမည်

အရှည်ပေ ၈၁ဝ ရှိ ဆွာချောင်းတံတား ပြုပြင်ခြင်းလုပ်ငန်း မတ်လအတွင်း အပြီး ဆောင်ရွက်သွားမည်
-
ရေတာရှည် ဇန်နဝါရီ ၁၇ 
-
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံ ပင်မရေပိုလွှဲသည် ၂ဝ၁၈ ခုနှစ် သြဂုတ် ၂၉ ရက်က ကျိုးပေါက်ခဲ့မှုကြောင့် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း မိုင်တိုင်  (၁၆၅/၁)နှင့် (၁၆၅/၃) အကြား အရှည်ပေ  ၈၁ဝ ရှိ  ဆွာချောင်းတံတား ဖြတ်တံတား အဆန် လမ်းပိုင်းတွင် ရေလယ်တိုင်အချို့ နိမ့်ကျသဖြင့် အုတ်ခုံနှင့် မီနီဘိုးပိုင် တူးခြင်း၊ ကွန်ကရစ်လောင်းခြင်းအစရှိသည့် လုပ်ငန်းများကို နေ့ညဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေလယ်တိုင် သုံးတိုင်အနက် နှစ်တိုင်ပြီးစီး သွားပြီဖြစ်ပြီး  သုံးလုံးမြောက်တိုင်ကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
-
''ပထမအဆင့် ခွင့်ပြုငွေကျပ် ၃၉၅ သန်း ရရှိတဲ့အခါ ဇန်နဝါရီ ၁၁ ရက်က တင်ဒါခေါ်ယူပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ တိုင်အမှတ်(၇)၊ တိုင်အမှတ်(၆)၊ တိုင်အမှတ်(၅)တို့ကို သုည ဒသမ ၈  မီလီမီတာ မီနီဘိုးပိုင်လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့အခါမှာ တိုင်နှစ်လုံး ပြီးသွားပြီ။  တစ်လုံးကိုလုပ်ငန်း စတင်ဆောင်ရွက်နေပြီ။ကျွန်တော်တို့ အနေနဲ့ မတ်လကို နောက်ဆုံးထားပြီးလုပ်ရမှာမိုးမကျခင်ပေါ့''ဟုအငယ်တန်းအင်ဂျင်နီယာ(၁)(မြို့ပြ)  ဦးမင်းသူ ကပြောသည်။  
-
ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆွာချောင်းရေကြီးရေလျှံမှု ဖြစ်စဉ်ကပင် အမြန်လမ်းမကြီး အတိုင်း အစုန်အဆန်သွားလာလျက်ရှိသောယာဉ်များ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger