www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

''ပြည်သူအတွက် တရားမျှတမှု'' မဟာဗျူဟာစီမံကိန်းကို ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်

''ပြည်သူအတွက် တရားမျှတမှု'' မဟာဗျူဟာစီမံကိန်းကို ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်
-
နေပြည်တော် ဇန်နဝါရီ ၂၃ 
-
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည်Myjustice မှ  Team Leader Ms. Caitlin Reiger နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။ 
-
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေစိုးမိုးရေးသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေကြောင်း၊ ဥပဒေအသိပညာပေးရေးနှင့် တရားမျှတမှုကိုအားလုံးလက်လှမ်းမီရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် My justice တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့၏''ပြည်သူအတွက်တရားမျှတမှု''မဟာဗျူဟာစီမံကိန်းကို၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ 
-
My justice မှ  Team Leader က My justice Program ၏ ဒုတိယ ငါးနှစ်စီမံကိန်းကို ဆက်လက် တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအရ ဥပဒေ အသိပညာပေးခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်း၊ တရားမျှတမှု လက်လှမ်းမီရေးအတွက် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၏ တရားမျှတမှု ကဏ္ဍ မူဝါဒများ ချမှတ်ရေးတွင် ပံ့ပိုးကူညီခြင်းတို့ကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ 
-
အဆိုပါတွေ့ဆုံပွဲသို့အမြဲတမ်း အတွင်းဝန်ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုလှိုင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger