www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 17, 2019

နယ်စပ်ဒေသ တိုင်းရင်းသားလေ့လာရေး အဖွဲ့ဝင်များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နယ်စပ်ဒေသ တိုင်းရင်းသားလေ့လာရေး အဖွဲ့ဝင်များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
-
နေပြည်တော် ဇန်နဝါရီ ၁၆
-
နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသော နယ်စပ်ဒေသများမှလေ့လာရေးအဖွဲ့ဝင်များသည်ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရ နေရာများသို့ သွားရောက် လေ့လာကြသည်။
-
အဆိုပါ လေ့လာရေးအဖွဲ့သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ချင်းရွှေဟော်၊ ကုန်းကြမ်းဒေသများမှ ကိုးကန့်တိုင်းရင်းသား၊ တိုင်းရင်းသူ ၃ဝ၊ ကယားပြည်နယ် ဟိုယာ၊ ဘီယာဒေသမှကယောတိုင်းရင်းသား၊ တိုင်းရင်းသူ ၃ဝ၊ ကရင်ပြည်နယ် သံတောင်ကြီး၊ ဖာပွန်ဒေသမှ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူ ၃ဝ၊ ရခိုင်ပြည်နယ် ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံ၊ ကျွန်းသာယာဒေသမှရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူ ၃ဝ၊ ချင်းပြည်နယ် ဟားခါး၊ ဖလမ်းဒေသမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူ ၃ဝ စုစုပေါင်း ၁၅ဝ တို့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သော မဟာသကျရံသီဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
-
ထို့နောက် သူရဲကောင်းဗိမာန်နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တို့သို့ သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်ယခုကဲ့သို့နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား၊ တိုင်းရင်းသူများအား ဖိတ်ခေါ်၍ လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးသည့် အဓိက ရည်ရွယ်ချက်မှာ တစ်အူထုံ့ဆင်းညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာကောင်းမွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါး ထင်ထင်လေ့လာတွေ့ရှိပြီး လေ့လာရေး ခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
-
အောင်လှိုင်ဝင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger