www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

မြန်မာ- ပီရူး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ခိုင်မာရေး ဆွေးနွေး

မြန်မာ- ပီရူး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ခိုင်မာရေး ဆွေးနွေး
-
နေပြည်တော်  ဇန်နဝါရီ  ၇  
-
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီး H.E.Mr. Fernando Quiros Campos အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌  လက်ခံ တွေ့ဆုံသည်။ 
-
တွေ့ဆုံစဉ် မြန်မာ- ပီရူးနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့် သွားရန်နှင့် အားကစား၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ မူးယစ်ဆေးဝါးတရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များနှင့်ပတ်သက်၍  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။           
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger