www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က   ဆရာ၊ ဆရာမ ၃ဝ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၈၉၂ ဦး၊ စုစုပေါင်း ၉၂၂ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ထို့ပြင် ဆေးကုသရေးအဖွဲ့က သွားကျန်းမာရေးနှင့် သန်ကောင် အကြောင်းတို့အား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger