www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 21, 2019

ဧရာဝတီအသင်း၊ ရန်ကုန်အသင်းနှင့် ဟံသာဝတီ အသင်း နိုင်ပွဲရရှိ

ဧရာဝတီအသင်း၊ ရန်ကုန်အသင်းနှင့် ဟံသာဝတီ အသင်း နိုင်ပွဲရရှိ
-
ရန်ကုန်     ဇန်နဝါရီ   ၂ဝ
-
၂ဝ၁၉ ရာသီMNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂) ဒုတိယနေ့ကို  ယနေ့ညနေပိုင်းတွင်ဆက်လက်ကျင်းပရာ   လက်ရှိ ချန်ပီယံ ရန်ကုန် အသင်း၊ ဧရာဝတီအသင်းနှင့် ဟံသာဝတီ အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။
-
သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက မကွေးအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အဖွင့်ပွဲ တွင် သရေပွဲ ကြုံတွေ့ထားသည့် အသင်းနှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး ဧရာဝတီအသင်းသည် ရန်ပိုင်စိုး၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။
-
ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် ဧရာဝတီအသင်းသည်  ဒုတိယမြောက်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခြင်းဖြစ်ပြီး  ဇယားထိပ်ပိုင်းသို့  တက်လှမ်းလာနိုင်ခဲ့သည်။ မကွေးအသင်းမှာမူ တိုက်စစ်ပိုင်းအဆုံးသတ်အားနည်းမှုကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် အဓိကတိုက်စစ်မှူး မာတူနာဒဏ်ရာရနေ၍   ဆာဆက်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုကာ သီဟဇော်၊ အောင်ကျော်နိုင်၊ ကျော်ဇင်ဖြိုး (ဂိုး)၊ ဇော်လင်းတို့ဖြင့်ပွဲထွက်ခဲ့ပြီး ပြည်တွင်း ကစား သမားများဖြင့် ဖွဲ့စည်းထားသည့် မကွေးအသင်းမှာလည်း စိုးလွင်လွင်၊ အောင်မြင့်ထွန်း၊ ဝင်းမိုးကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် ဧရာဝတီအသင်းက  ပိုဖိကစားနိုင်ပြီး မကွေးအသင်းမှာမူ ရံဖန်ရံခါသာ ထိုးဖောက် နိုင်ခဲ့သည်။ ၁၉ မိနစ်တွင် ဧရာဝတီအသင်း ဂိုးစရခဲ့ပြီး အောင်ကျော်နိုင် ကန်တင်ပေးသည့်ဘောလုံးကို ရန်ပိုင်စိုးက ခေါင်းတိုက်သွင်းယူခဲ့ ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မကွေးအသင်းက ချေပဂိုးရရန်အားထည့်လာပြီး ဧရာဝတီ အသင်းနောက်တန်းမှ အမှားအယွင်းမရှိ ဖျက်ထုတ်နိုင်ခဲ့သည်။    ဧရာဝတီအသင်းအတွက် ဒုတိယဂိုးကို ၈၆ မိနစ်တွင် ရန်ပိုင်စိုးက သွင်းယူခဲ့သည်။
-
YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန် အသင်းက Chinland အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။  လက်ရှိ ချန်ပီယံ ရန်ကုန် အသင်းသည် ဂိုးပြတ်နိုင်ပွဲထပ်မံရယူနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်အသင်းသည်  နိုင်ငံခြားသားကစားသမားသုံးဦး အပါအဝင် လူစုံထုတ် အသုံးပြုခဲ့ပြီး ၂၁ မိနစ်တွင်ဆယ်လာကအဖွင့်ဂိုး သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းကပွဲကို စိုးမိုးသွားပြီး ၂၂ မိနစ်တွင် မောင်မောင်လွင်၊ ၃၉ မိနစ်တွင် ကြည်လင်းနှင့် ၄၄ မိနစ်တွင် ဆယ်လာတို့က သွင်းယူ ခဲ့သည်။ Chinland အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၅၉ မိနစ်တွင်  ပယ်နယ်တီမှ တစ်ဆင့် ဇော်လင်းက သွင်း ယူခဲ့သည်။  မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီ အသင်းက စစ်ကိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ရှိခဲ့ပြီး ဟံသာဝတီ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၄ မိနစ်တွင် လားဒင် မောရက သွင်းယူ ပေးခဲ့သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger