www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 21, 2019

အမျိုးသား တံခွန်စိုက် ကာယဗလမောင် ဆုကို ပြိုင်ပွဲဝင် သောင်းတန်ရရှိ

အမျိုးသား တံခွန်စိုက်  ကာယဗလမောင် ဆုကို ပြိုင်ပွဲဝင် သောင်းတန်ရရှိ
-
ရန်ကုန်     ဇန်နဝါရီ   ၂ဝ
-
၂ဝ၁၉ ခုနှစ် မြန်မာနိုင်ငံအမျိုးသားတံခွန်စိုက်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပရာ ပြိုင်ပွဲ၏အမြင့်ဆုံး ၂ဝ၁၉ခုနှစ်အတွက် အမျိုးသား တံခွန်စိုက် ကာယဗလမောင်/ မောင်မြန်မာဆုကို အမျိုးသား အလွတ်တန်း  ၈ဝ ကီလိုတန်း ပြိုင်ပွဲဝင် သောင်းတန် က ရရှိသွားသည်။
-
အဆိုပါပြိုင်ပွဲ၌ ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်ပြိုင်ပွဲများမှ ပထမ၊  ဒုတိယ၊ တတိယဆုရရှိသော ပြည်ပပြိုင်ပွဲ အတွေ့အကြုံရှိ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်များမှအပမည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုထားကြောင်း၊ ပြိုင်ပွဲတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသီးသီးမှ မျိုးဆက်သစ်ကာယဗလမောင်  အမျိုးသား အသက် ၂၁ နှစ်နှင့်အောက်  အငယ်တန်း၊ အမျိုးသားအလွတ်တန်းအနေဖြင့် (၆ဝ/ ၇ဝ/ ၈ဝ/ ၈ဝ နှင့် အထက်) ကီလိုတန်း၊ အမျိုးသားအသက် ၄၅နှစ် နှင့်အထက် သက်ကြီးတန်း၊ Althletic Physique အမျိုးသားပြိုင်ပွဲ၊ Sport  Physique အမျိုးသား(၁၇ဝ စင်တီမီတာ)နှင့်အောက်၊ Sport Physique အမျိုးသား(၁၇ဝ စင်တီ မီတာ)နှင့်အထက်၊ Althletic Physique အမျိုးသမီး၊ Model Physique အမျိုးသမီး (၁၆၅ စင်တီမီတာ)အောက်၊ Model Physique အမျိုးသမီး(၁၆၅ စင်တီမီတာ)နှင့်အထက်၊ Fitness Physique အမျိုးသား၊ Fitness Physique  အမျိုးသမီး၊ အမျိုးသား+အမျိုးသမီး Mixed Pairs အတန်းလိုက်ပြိုင်ပွဲများ ပါဝင်ကြောင်း သိရသည်။
-
ကာယဗလမောင် ၁၁၅ဦးနှင့် ကာယမယ် ၃ဝ ဦးတို့ ဝင်ရောက်ယှဉ် ပြိုင်ကြပြီး အပြည်ပြည်ဆိုင်ရာ ကိုယ်ဟန် ပြကွက် ခုနစ်ကွက်နှင့် ၁ မိနစ် မိမိစိတ်ကြိုက် ကိုယ်ဟန်ပြကွက်များဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ကြသည်။
-
အမျိုးသားအငယ်တန်းနှင့် အလွတ်တန်း ပြိုင်ပွဲ (၆ဝ/၇ဝ/၈ဝ/၈ဝကီလို နှင့်အထက်) ပြိုင်ပွဲများတွင် ပထမဆုရရှိ သော ပြိုင်ပွဲဝင် ကစားသမားများမှ အမြင့်ဆုံး ၂ဝ၁၉ ခုနှစ် အမျိုးသားတံခွန်စိုက် ကာယဗလမောင်/မောင် မြန်မာ (၂ဝ၁၉) ပထမဆုကို ထပ်မံရွေးချယ်ရာ ပြိုင်ပွဲဝင် သောင်းတန်က ထပ်မံရရှိသွားသည်။
-
ပြိုင်ပွဲများအပြီးတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် မြန်မာနိုင်ငံ ကာလဗလနှင့် ကာယ ကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ နှင့်တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ်ကြသည်။
-
ယနေ့ပြိုင်ပွဲတွင် ကီလိုတန်းအလိုက် ၁၅ တန်းမှ တစ်တန်းလျင် သုံးဦးဖြင့် ထူးချွန်ပြိုင်ပွဲဝင်ကစားသမား ၄၅ ဦးကို ပဏာမ လက်ရွေး စင်အဖြစ် ရွေးချယ်ခဲ့ကြောင်း၊ အားကစား သမားများကို စခန်းသွင်းလေ့ကျင့်ပေးပြီး ၂ဝ၁၉ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် (၁၆)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့် ကာလကြံ့ခိုင်မှုပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဝင်ရောက် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း သိရသည်။
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger