www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 31, 2019

အခြေခံ စက်ချုပ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ

အခြေခံ စက်ချုပ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ
-
မြိတ် ဇန်နဝါရီ ၃ဝ 
-
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ကဟန်းကျေးရွာအုပ်စု တောင်ဖီလာကျေးရွာ အောင်ရတနာ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံဆောင်၌ယနေ့နံနက်ပိုင်းတွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ အခြေခံစက်ချုပ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။ 
-
အခမ်းအနားတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံစက်ချုပ်ပညာ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရေးအတွက် အခြေခံစက်ချုပ်ပညာ သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် မြိတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်း သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံစက်ချုပ်ပညာသင်တန်းဆင်း လက်မှတ်များနှင့် ပထမ၊ ဒုတိယ၊တတိယဆုတို့ ပေးအပ်သည်။ ယင်းနောက် သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာအခြေခံစက်ချုပ်ပညာ သင်တန်းတက်ရောက် သင်ကြားနိုင်ခြင်းအတွက် ကျေးဇူးတင် စကားများ ပြန်လည် ပြောကြားပေးသည်။ 
-
အဆိုပါ စက်ချုပ်ပညာ သင်တန်းကို မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ နည်းပြဆရာမ နှစ်ဦးက ကဟန်းကျေးရွာ အုပ်စုအတွင်းရှိ ကဟန်းကျေးရွာ၊ တောင်ဖီလာ ကျေးရွာနှင့် သက္ကထီး ကျေးရွာသုံးရွာတို့မှ အမျိုးသမီး ငယ်သင်တန်းသူ ၁၅ ဦးအား အင်္ကျီ၊ လုံချည်၊ ဘောင်းဘီ၊ ထဘီ၊ ဂါဝန်၊ စကပ် အစရှိသည့် အခြေခံစက်ချုပ် နည်းပညာရပ်များကို နှစ်လကြာဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger