www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 31, 2019

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ဆေးကုသရေး အဖွဲ့သည်ယနေ့တွင် ထန်းပင်ကုန်းကြီးကျေးရွာ၌ အခြေပြု၍ နယ်လှည့်ဆေး အဖွဲ့(၁)သည် ပင်းရွာရှိ လောကမာရဇိန်ရန်ဦး နှိမ်စေတီတော်မြတ်ကြီးနှင့် မြို့လယ်ရွှေဂူစေတီ ပရိဝုဏ်အတွင်း၌ လည်းကောင်း၊ နယ် လှည့်ဆေးအဖွဲ့(၂)သည် ဖလန်းတောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ဒေသခံပြည်သူစုစုပေါင်း  ၁၂၄၅ ဦးတို့ကိုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၈၆ ဦး၊ ခွဲစိတ်ရောဂါ ၁၃၃ ဦး၊ ကလေးရောဂါ ၉၁ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅၉ ဦး၊ အရိုးရောဂါ ၇ဝ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိ ရောဂါ ၃၁၇ ဦး၊ သွားရောဂါ ၁၂၉ ဦးနှင့် အထွေထွေရောဂါ ၁၁၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့ အနက် မျက်စိခွဲစိတ်လူနာ ၁၆ ဦး၊ သွားနုတ်သွားဖာလူနာ ၆၉ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၁၃ ဦးတို့ကို ရွေ့လျားခွဲစိတ် ကုသယာဉ်များဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး သည်။ 
-
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၅ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲယာဉ် တို့ဖြင့်   ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၅၅ ဦးကို မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger