www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

ဥရောပနိုင်ငံများမှ တစ်နှစ်လျှင် မြန်မာ့ပျားရည် တန်ချိန် ၈ဝဝ ဝယ်ယူရန် ကမ်းလှမ်း

ဥရောပနိုင်ငံများမှ တစ်နှစ်လျှင် မြန်မာ့ပျားရည် တန်ချိန် ၈ဝဝ ဝယ်ယူရန် ကမ်းလှမ်း
-
ရန်ကုန် ဇန်နဝါရီ ၁၇ 
-
ဥရောပနိုင်ငံများမှ တစ်နှစ်လျှင် မြန်မာ့ပျားရည်တန်ချိန် ၈ဝဝ ခန့်အထိ ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနပျားလုပ်ငန်းဌာနမှ သိရသည်။ 
-
''ဥရောပက ပျားရည်ဝယ်ဖို့ ကမ်းလှမ်းထားပါတယ်။ အခု တင်ပို့ဖို့ စစ်ဆေးနေပါတယ်။ ဥရောပကို ပျားရည် တင်ပို့မယ်ဆိုရင် ၂ဝ၂ဝ ပြည့်နှစ်လောက်မှ တင်ပို့ဖြစ်မှာပါ'' ဟု ပျားလုပ်ငန်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
-
မြန်မာ့ပျားရည် ဝယ်ယူရန် ကမ်းလှမ်းထားသည့် ဥရောပနိုင်ငံများမှာ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်နှင့် တခြားဥရောပနိုင်ငံ များဖြစ်ပြီး မြန်မာနိုင်ငံမှ လက်ရှိပျားရည် တင်ပို့နေသည့် ပြည်ပနိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဂျပန်၊တောင်ကိုရီးယား၊ အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ 
-
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ နှစ်စဉ်ပျားရည်တန်ချိန် ၂၄ဝဝ မှ ၂၆ဝဝ ကြား တင်ပို့နေရပြီး ဥရောပ နိုင်ငံများသို့ တန်ချိန် ၈ဝဝ ခန့် ထပ်မံ တင်ပို့နိုင်ပါက မြန်မာ့ပျားရည် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ ပိုမိုရရ လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် သုံးလတာ ကာလအတွင်း တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ စသည့် နိုင်ငံများသို့လည်း ပျားရည်တန်ချိန် ၁၂ဝဝ နီးပါး တင်ပို့ထားကြောင်း သိရသည်။
-
မှိုင်းဝေ(AMIA)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger